ငါးရှာပြန်လာတဲ့ ကလေး ၃ ဦးမိုင်းထိလို့ ဒဏ်ရာရ

ငါးရှာပြန်လာတဲ့ ကလေး ၃ ဦးမိုင်းထိလို့ ဒဏ်ရာရ

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ တုံးတောကျေးရွာလမ်းမှာ ငါးရှာပြန်လာတဲ့ ကလေး ၃ ဦးမိုင်းထိလို့ ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မေ ၈ ရက် မနက် ၇ နာရီခန့်မှာ တုံးတောကျေးရွာနေ ဂျွန်ကို ၁၅ နှစ်၊ ပြည့်စုံအောင် ၁၆ နှစ်၊ ဟိန်းထက်အောင် ၁၅ နှစ်တို့ ၃ ဦးဟာ ကျေးရွာအရှေ့ဘက်ကနေ ငါးဖမ်းပြီး ဆိုင်ကယ်နဲ့ပြန်လာစဥ်မှာ မိုင်းထိခဲ့တာလို့ဆိုပါတယ်။

"ရွာအရှေ့ဘက် တမိုင်လောက်မှာ မိုးနတ်သားအင်းဆိုတာရှိတယ်။ သူတို့က အဲဒီကနေ ငါးဖမ်းပြီး ဆိုင်ကယ်နဲ့ ပြန်အလာမှာ ဆိုင်ကယ်ဘီးက မိုင်းကိုတက်ကြိတ်မိလို့ မိုင်းထိတာ"လို့ ဒေသခံတဦးကပြောပါတယ်။

မိုင်းထိလို့ အဆိုပါ ကလေး ၃ ဦးစလုံး ခြေထောက်နဲ့လက်တွေမှာ မိုင်းစမှန်ဒဏ်ရာရပြီး ဆိုင်ကယ်လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

မိုင်းထိလို့ ဒဏ်ရာရကုန်တဲ့ ကလေး ၃ ဦးကိုတော့ ဒေသခံတွေက ကျောက်ကြီးမြို့နယ်ဆေးရုံကို ပို့ဆောင်ပေး ထားရပြီး ဆေးကုသမှုခံယူနေကြရပါတယ်။

မတ် ၃၀ ရက်က ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီး-နတ်သံကွင်းလမ်း ညောင်ကုန်းတံတားမှာ အုတ်သယ်ကား မိုင်းထိလို့  ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရခဲ့ပါသေးတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #ကလေး၃ဦး #မိုင်းထိ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10