သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်း၊ ယင်းမာပင်ခရိုင်တပ်ရင်း ၂၇၊ တပ်ခွဲ ၁၊ အမိမြေတော်လှန်ရေးတပ်ဖွဲ့ဟာ မြေပြင်မှာ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်နိုင်ဖို့အတွက် စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
အမိမြေတော်လှန်ရေးတပ်ဖွဲ့ဟာ ယင်းမာပင်ခရိုင်အတွင်းမှာ မေလအစပိုင်းကစတင်ပြီး ဇွန်လအထိ ၁ လကျော်ကြာအချိန်ယူကာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ရေးလေ့ကျင့်ရာမှာ အမိမြေတော်လှန်ရေးတပ်ဖွဲ့ရဲ့ ရဲဘော် ၅၀ ဦး က စစ်ချီတက်ပုံ၊ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ပုံ စတာတွေကိုသင်ကြားခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၂၇ ရဲ့ တပ်ရေးဗိုလ် ရဲဘော် မင်းကို က ပြောပါတယ်။
အမိမြေတော်လှန်ရေးတပ်ဖွဲ့အနေနဲ့ စနစ်တကျလေ့ကျင်မှုတွေနဲ့အတူ မြေပြင်တိုက်ပွဲတွေကို ဆက်လက်ဖော်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ တပ်ဖွဲ့မှာရှိတဲ့ရဲဘော်တွေအတွက် စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့ ကျည်ကာ၊ Equipment တွေလိုအပ်နေတယ်လို့လည်း သူကဆက်ပြောပါတယ်။
အမိမြေတော်လှန်ရေးတပ်ဖွဲ့ ကို တည်ထောင်ခဲ့တာ ၃ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တိုက်ပွဲပေါင်း ၁၀၀ ကျော်နဲ့ စခန်းသိမ်းတိုက်ပွဲ ၅ ခုကို မဟာမိတ်တပ်တွေနဲ့အတူ ပါ၀င်တိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP
#မြေလတ်အသံ
#စစ်ကိုင်း #ယင်းမာပင် #အမိမြေတော်လှန်ရေးတပ်ဖွဲ့ #စခန်းသိမ်းတိုက်ပွဲ #စစ်ရေးလေ့ကျင့်
Share Share Share