စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မန္တလေး-မုံရွာလမ်းပေါ်ရှိ ထီးဆောင်းကျေးရွာကို မဟာမိတ်တပ်ပေါင်းစုတွေက ဝင်ရောက်စီးနင်းကာ ၃ နာရီအကြာတိုက်ပြီး စခန်းသိမ်းတိုက်ပွဲဆင်နွှဲနိုင်ပြီး လက်နက်ခဲယမ်း‌တွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
 
ဖေဖော်ဝါရီလ ၄ ရက်နံနက် ၁ နာရီကတည်းက အင်အား ၄၀ ခန့်ရှိတဲ့ အဲဒီစခန်းကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး နံနက် ၃ နာရီမှာတော့ စခန်းကိုဖျက်သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
"၄ ခရိုင် ၄ ရင်း စခန်းသိမ်းတိုက်ပွဲဆိုပြီးအမည်ပေးထားပါတယ်၊ ထီးဆောင်းမှာရှိတဲ့စခန်းကို ည ၁ နာရီကနေစတင်ပြီးတော့ ဝင်ရောက်တိုက်ခိုက်ပါတယ်၊ စခန်းအပြီးအပိုင်ဖျက်သိမ်းပြီးတော့ မနက် ၃ နာရီမှာဖြစ်ပါတယ်၊ ရန်သူဘက်က ၁၅ ယောက်လောက်ကျဆုံးပြီးတော့ ဒဏ်ရာရရှိသူအများအပြားရှိပါတယ်" လို့ တပ်ရင်းမှူး ဗိုလ်သက်ကြီးကပြောပါတယ်။
 
ကာဘိုင် ၁ လက် ကျည်ဘောက် ၃ ခု ကာဘိုင်ကျည် ၁၀၄ တောင့် MA3 ၁ လက် ကျည်ဘောက် ၁ ခု 5.56 ကျည် ၁၈ တောင့် ၉ လုံးကျည် ၇၆ တောင့် Drone ဖျက်တဲ့ Jummar စက် ၂ လုံး ကျည်ကာအင်္ကျီ ၁ စုံ ဖိနပ်တွေနဲ့အခြားစစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
 
"လက်နက်ကောက်ဖို့နဲ့စစ်ကောင်စီတပ်သားတွေကို လိုက်ပစ်ဖို့ရာ မနက် ၃ နာရီထိုးမှာဂျက်ဖိုက်တာရောက်လာပါတယ်၊ ၃ ကြောင်းပြန်ဝဲပြီး ပတ်ဝဲပြီးကင်းထောက်နေတာကြောင့် နောက်ဆုတ်ခဲ့ရတယ်" လို့ ဆက်ပြောပါတယ်။
 
တပ်ရင်း ၄ ရင်းက ရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ‌၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီတိုက်ခိုက်မှုကို တပ်ရင်း(၇)မြင်းခြံခရိုင်၊ ZERO ပြောက်ကျားတပ်ဖွဲ့တပ်ရင်း(၁၉)ရွှေဘိုခရိုင်တပ်ရင်း(၂)စစ်ကိုင်းခရိုင်၊ တပ်ခွဲ(၂)၊ GTR(မြင်းမူ) နဲ့ တပ်ရင်း(၁)ကျောက်ဆည်ခရိုင်၊နဂါးနီ(ကျောက်ဆည်) တို့က ပူးပေါင်းလုပ်‌ဆောင်ခဲ့တာလို့ သိရပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10