စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ချခဲ့တဲ့ တပ်သားတွေကို MDY PDF က လက်ခုပ်တီးကြိုဆို (ရုပ်/သံ)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီရဲ့ ပင်လယ်ကြီး တပ်စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ချအညံ့ခံခဲ့တဲ့ စစ်သားတွေကို မန္တလေး PDF ရဲဘော်တွေက လက်ခုပ်တီးပြီး အားပါးတရကြိုဆိုခဲ့ကြပါတယ်။

စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီရဲ့ ပင်လယ်ကြီး တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်စဥ်က ရုပ်သံမှတ်တမ်းကို ယနေ့ ဇူလိုင် ၁၃ ရက်မှာ မန္တလေး PDF ကထုတ်ပြန်ထားပါတယ်။

အဲ့ဒီရုပ်သံထဲမှာ စစ်ကောင်စီတပ်သားတွေကို လက်နက်ချအညံ့ခံဖို့  PDF ဘက်က ညှိနှိုင်းခဲ့ပြီးနောက် လက်နက်ချခဲ့တဲ့ တပ်သားတွေကို ဝမ်းပန်းတသာ လက်ခုပ်တီးပြီးကြိုဆိုခဲ့ကြတာကို မြင်တွေ့ရပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား၄ဦး လက်နက်ချအညံ့ခံခဲ့ပြီး ၂ ဦးကတော့ တိုက်ပွဲတွင်းမှာ သေဆုံးခဲ့ပါတယ်။

ရုပ်သံ - MDY PDF

#မြေလတ်အသံ

#မန္တလေး #စဉ့်ကူး #ပင်လယ်ကြီးစခန်း #လက်နက်ချ #ကြိုဆို #MDYPDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10