သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံပျူရွာမှာ အထိုင်ချတပ်စွဲထားတဲ့စခန်းကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၈ ရက်မှာ ဝေဟင်ကနေ တိုက်ခိုက်ခဲ့တယ်လို့ နယ်စည်းမခြားရွှေဘိုသား LPDF တပ်ဖွဲ့ဆီက သိရပါတယ်။
ပျူရွာစခန်းမှာ စစ်သား၊ ရဲ နဲ့ ပျူတွေရှိပြီး နေ့လယ် ၁ နာရီခန့်က "SHAR HTOO WAW " နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone တွေနဲ့ Drop ဗုံးသီး ၁၆ လုံး ကျဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
"တိုက်ပွဲက ၁ နာရီကျော်လောက် ကြာတယ်။ စစ်တပ်ဘက်က လက်နက်ကြီးရော လက်နက်ငယ်တွေနဲ့ပါ ပြန်ပစ်တယ်။ ကျနော်တို့ဘက်က ထိခိုက်တာမျိုး မရှိပါဘူး" လို့ နယ်စည်းမခြားရွှေဘိုသား Local PDF တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောပါတယ်။
အဲဒီပျူရွာစခန်းကို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက နေ့လယ် ၂ နာရီခွဲခန့်အထိ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်ဒဏ်ရာရတာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
အခုလိုတိုက်ခိုက်မှုကို နယ်စည်းမခြားရွှေဘိုသား Local PDF၊ မတစ်ထောင်(တစ်ကောင်ဘွား) ဒီပဲယင်းအဖွဲ့၊ ကြောင်လက်သည်း ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ဝက်လက်)၊ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း Eegle Guerrilla Force၊ People`s Dictatorship Revolutionary Force SGG (UG)၊Yaung Ni ShweBo ပြည်သူ့ကာကွယ် ရေးအဖွဲ့၊ ငါန်းဇွန်မြို့နယ်-ပကဖ၊ Phoenix -Sagaing၊ MMU PDF ၊Young Wolf ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၃၊ တပ်ရင်း ၇၊ စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒရုန်းစစ်ဆင်ရေးပြုလုပ်တဲ့အခါမှာ ထောက်ပံ့ကူညီပေးမယ့် အဖွဲ့အစည်းတွေအားနည်းသလို ပျက်စီးခဲ့တဲ့ ဒရုန်းတွေ ပြင်ဆင်၊ ဝယ်ယူဖို့အတွက်လည်း ထောက်ပံ့ကူညီပေးဖို့ LPDF တာဝန်ခံက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
တည်းဖြတ်-ငြိမ်းဇော်
#မြေလတ်သတင်း
# စစ်ကိုင်း #စစ်ကောင်စီ #ပျူရွာစခန်း # ဒရုန်းနဲ့တိုက်ခိုက်# တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ # မြေလတ်သတင်း# ရုပ်သံသတင်း
Share Share Share