စစ်ကိုင်းတိုင်းထဲက အညာသပိတ်အင်အားစုတွေ ဆီမီးသပိတ်ပြုလုပ်(Photo News)

စစ်ကိုင်းတိုင်းထဲက အညာသပိတ်အင်အားစုတွေ ဆီမီးသပိတ်ပြုလုပ်(Photo News)

စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ နယ်မြေခံသပိတ်အင်အားစုတွေဦးဆောင်ပြီး အောက်တိုဘာ ၁၇ မနေ့ညက ဆီမီးသပိတ်နဲ့ လူထုသပိတ်တွေ ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်အင်အားစုတွေဆီက သိရပါတယ်။

အရာတော်၊ ပုလဲ၊ ဝက်လက်၊ မုံရွာ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ချောင်းဦး စတဲ့မြို့နယ်တွေမှာ နယ်မြေခံသပိတ်စစ်‌ကြောင်းတွေ၊ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေ စုပေါင်းပြီး လူထုသပိတ်တွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“ဓမ္မကိုပူဇော် အဓမ္မကိုလောင်ကျွမ်း”“လူထုအနာဂတ်ကို တော်လှန်ဆီမီးနဲ့ ထွန်းညှိကြ” စတဲ့ဘန်နာတွေ ကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ သပိတ်တွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#စစ်ကိုင်း #သပိတ်အင်အားစု #ဆီမီးသပိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10