သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကသာ၊ ဘုတလင်၊ မုံရွာမြို့နယ်တို့မှာ မေလ ၁ ရက်ကနေ ၅ ရက်အတွင်း မိုးကြိုးပစ်ခံရပြီး လူ ၄ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၁ ရက်ညနေပိုင်းမှာ မုံရွာမြို့နယ်အတွင်း လေပြင်းတိုက်ပြီးမိုးကြိုးပစ်လို့ မုံရွာမြို့၊ မြဇီးခြံရပ်ကွက်က အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး အဲ့ဒီနေ့မှာတင် ဘုတလင်မြို့နယ်၊ ကံသစ်အနောက်တောရွာမှာလည်း မိုးသက်လေပြင်းတိုက်ပြီး မိုးကြိုးပစ်လို့ အသက် ၃၀ အရွယ်အမျိုးသား ၁ ဦး မိုးကြိုးထိမှန်သေဆုံးခဲ့ပါတယ်။
အလားတူ မေလ ၂ ရက်မှာ ဘုတလင်မြို့နယ်၊ အုပ်အိုင်ရွာက အမျိုးသား ၁ ဦးနဲ့ မေလ ၅ ရက်ညနေပိုင်းမှာ ကသာမြို့နယ်၊ ဂျပန်ကျွန်းစုကျေးရွာက ၃၉ နှစ်အရွယ် ဦးမိုးဟိန်းထွန်းတို့ မိုးကြိုးထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မြေပဲသိမ်းပြီး လယ်ထဲကနေပြန်လာတာ။ နေပူရာကနေ မိုးကရုတ်တရက်ရွာချပြီး မိုးကြိုးပါပစ်တာ။ သူက ကွင်းလမ်းမှာဆိုတော့ ထီးထီးကြီးဖြစ်နေလို့ ထိသွားတာ"လို့ ဦးမိုးဟိန်းထွန်း သေဆုံးမှုနဲ့ပတ်သက်ပြီး ဒေသခံတဦးကပြောပါတယ်။
ဦးမိုးဟိန်းထွန်းဟာ သူ့ရဲ့လယ်ကနေပြန်လာချိန် မိုးကြိုးထိမှန်ခဲ့တာဖြစ်ပြီး သူနဲ့အတူပါလာတဲ့ နွား ၄ ကောင်လည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။
အဆိုပါရက်တွေအတွင်းမှာ မိုးရွာလေပြင်းတိုက်လို့ မုံရွာမြို့နယ်အတွင်းက အိမ်ခြေရာချီ အမိုးလန် ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #မိုးကြိုးပစ် #သေဆုံး #သဘာဝဘေး #သတင်း
Share Share Share