သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအတွင်း မူးယစ်ဆေးဝါးသယ်ဆောင်ဖြန့်ဖြူးနေသူတွေဆီကနေ ငွေကျပ် ၂၇ ဒဿမ ၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိထားတယ်လို့ စစ်ကောင်စီက နိုဝင်ဘာ ၂၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၅ ရက် မနက် ၅ နာရီမှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာလမ်းဆုံမှာ ကလေးဝကနေ ကလေးဘက်ကို ယာဥ်မောင်းစိန်လွင်နဲ့ ချစ်စန်းဆိုသူ လိုက်ပါလာတဲ့ FUSO ၁၂ ဘီး ယာဥ်ပေါ်ကနေ ဘိန်းဖြူ ၅၀ ဒဿမ ၆ ကီလို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ဖမ်းဆီးခံရသူတွေရဲ့ စစ်ဆေးပေါ်ပေါက်ချက်အရ မန္တလေးကနေ ကလေးမြို့ကို မူးယစ်ဆေးဝါး တင်ပို့ရောင်းချခဲ့သူတွေလို့ဆိုတဲ့ မြင့်နိုင်ဦး (ခ) မောင်စိုးနဲ့ ဇော်ဝင်းထွန်း (ခ) နိုင်ဝင်းထွန်း (ခ) နားကားတို့ကို မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်ရှိနေအိမ်မှာ ဖမ်းဆီးပြီး ဘရန်မွန်း(ခ)ဇော်တန် ကို မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁)ရပ်ကွက်နေအိမ်နဲ့ ရန်နိုင်ဆိုသူကို မဟာအောင်မြေမြို့နယ်၊ စင်္ကြာနွယ်စဉ်ရပ်ကွက်တို့မှာ ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထာားပါတယ်။
ဖမ်းဆီးရမိထားသူတွေကို စစ်ဆေးချက်အရ မနက် ၁၀ နာရီအချိန်မှာ မူးယစ်ဆေးဝါးတွေကို လက်ခံသိမ်းဆည်း ရောင်းချသူတွေဖြစ်တဲ့ လားထန်ပွီးယာကို ကလေးမြို့၊ တာဟန်းရပ်ကွက် နယ်မြေ (၁၀) ရှိ နေအိမ်မှာ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန် နဲ့အတူဖမ်းဆီးရမိခဲ့သလို သောက်နယ်လွယ် (ခ) ပုသောက်ကို ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နယ်မြေ(၁၃)ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၅၁ သန်း၊ အိုက်စ်(မက်အဖက်တမင်း) ၄၁၂ ကီလို၊ ဘိန်းဖြူ သုည ဒဿမ ၄၃ ကီလိုတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဖမ်းဆီးရမိထားသူတွေကို စစ်ကောင်စီဘက်က ထပ်မံစစ်ဆေးပေါ်ပေါက်ချက်အရ နိုဝင်ဘာ ၆ ရက်မှာ မန္တလေးမှ ကလေးမြို့ကို မူးယစ်ဆေးဝါးတင်ပို့ခဲ့သူတွေဖြစ်တဲ့ ဝင်းဌေးအောင် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်နေသူ၊ လှမိုး(ခ)ဆန်းလွင်ကို ကလေးမြို့၊ လှိုင်သာယာရပ်ကွက်ရှိ ကုန်စည်ပို့ဆောင်ရေးဂိတ်မှာ ဘိန်းဖြူ ၁၃ ဒဿမ ၂ ကီလိုနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနေ့မှာတင် မူးယစ်ဆေးဝါးတွေကို မန္တလေးမြို့မှာ တစ်ဆင့်ပြန်လည်ရောင်းချပေးနေသူ ရော်ကျိန်ရန် (ခ) အားဟွိုက်နဲ့ ဇနီးဖြစ်သူ မအားမိန်တို့ကို ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ နေအိမ်တို့မှာ ထပ်မံဖမ်းဆီးခဲ့ပြီး သူတို့နဲ့ဆက်စပ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေဖြစ်တဲ့ ရဲဇော်အောင် (ခ)အားဖကို ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက် ရှိနေအိမ်မှာ ဘိန်းဖြူ ၈၉ ဒဿမ ၈ ကီလိုနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မူးယစ်ဆေးဝါး ကွင်းဆက်ဖော်ထုတ်ဖမ်းဆီးရမိမှုအခြေနေအရ စုစုပေါင်းကာလတန်ဖိုးငွေကျပ် ၂၇ ဒဿမ ၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ဒဿမ ၀၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒဿမ ၅၁ သန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၃ တန်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
#မြေလတ်အသံ
#စစ်ကိုင်း #မန္တလေး #စစ်ကောင်စီထုတ်ပြန် #မူးယစ်ဆေးဝါးဖမ်းဆီး
Share Share Share