စစ်ကိုင်းမှာ မိုင်းရှင်းထွက်လာတဲ့စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းမှာ မိုင်းရှင်းထွက်လာတဲ့စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မုံရွာ−မန္တလေးလမ်းမကြီးပေါ်ရှိ ညောင်ပင်ဝန်းရဲစခန်းကနေ မိုင်းရှင်းလင်းဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ခြေလျင်စစ်ကြောင်း ဒီဇင်ဘာလ ၂၁ ရက်မနေ့ကညနေ ၄ နာရီခွဲလောက်မှာ မိုင်းဆွဲခံရတယ်လို့သိရပါတယ်။

အဲ့ဒီစစ်ကြောင်းမှာအင်အား ၃၀ ဝန်းကျင်ပါပြီး၊ မိုင်းရှင်းလင်းဖို့ထွက်လာချိန် မြင်းမူမြို့နယ်၊ နပဲကြူးဇရပ်အနီးမှာ အသင့်စောင့်နေတဲ့ Moe Nyo Revolution Force ပူးပေါင်းတပ်ဖွဲ့မှ ပဒေသာမိုင်း ၁၀ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

“သူတို့ကမုံရွာ - စစ်ကိုင်းကားလမ်းကိုရှင်းဖို့လာတာပါ။ ကျနော်တို့ပူးပေါင်းတပ်ဖွဲ့တွေက ပဒေသာမိုင်းဆွဲလိုက်တယ်။ စခတွေထိခိုက်သေဆုံးတာတွေရှိတယ်။ အတိကျတော့မသိရသေးဘူး။ သူတို့ဘက်ကလည်းကျနော်တို့တွေကို လက်နက်ငယ်တွေနဲ့ပြန်ပစ်ခဲ့ပေမယ့် ကျနော်တို့ဘက်က အထိအခိုက်မရှိပြန်ဆုတ်လာနိုင်ခဲ့တယ်”လို့ Moe Nyo Revolution Force တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

လက်ရှိမှာတော့ အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာမှာ တပ်စွဲနေတယ်လို့လည်း သိရပါတယ်။

MNRF တပ်ဖွဲ့ဝင်တွေအနေနဲ့ မုံရွာ - စစ်ကိုင်းကားလမ်းပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲခဲ့တာဟာ တနှစ်ကျော်ခန့်ရှိပြီဖြစ်ပြီး အကြိမ်ရေ ၂၀၀ နဲ့ ၃၀၀ ကြားမှာရှိတယ်လို့လည်းဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Moe Nyo Revolution Force M.N.R.F နဲ့ Pentagrm ငါးထောင့်ကြယ်ညီနောင် ၂ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ဖြစ်ပြီး၊ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၈ ရက်ကလည်း စစ်ကိုင်းကနေ မုံရွာဘက်ကို Express ကား ၆ စီးနဲ့ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို MNRF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ပဒေသာမိုင်း ၁၀ လုံးနဲ့မိုင်းဆွဲခဲ့လို့ ရှေ့ဆုံးကားတစီးထိမှန်သွားခဲ့ပြီ ထိခိုက်သေဆုံးသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။

ပုံစာ - Moe Nyo Revolution Force တပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10