စစ်ကောင်စီက ချင်းတွင်းမြစ်ကြောင်းကို အသုံးပြုဖို့ လေကြောင်းနဲ့ ကင်းထောက်ပေးနေရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမင်းဒေါင့်ဆိပ်ကမ်းကနေ ကြေးနီတင်လာတဲ့ ဖလက် ၃ စီးနဲ့ သစ်‌တွေတင်လာတဲ့ ဖလက် ၄ စီးကို ချင်းတွင်းမြစ်ကြောင်းအတွင်းမှာ ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲပစ်ခတ်မှုတွေလုပ်နေတာကြောင့် စစ်ကောင်စီက ဝေဟင်ကနေ ကင်းထောက်ပေးနေရတယ်လို့ Chindwin Dynamice (Salingyi) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၃ ရက် မနက် ၆ နာရီ ၅၀ မိနစ်က အလုံမင်းဒေါင့်ဆိပ်ကမ်းက ထွက်လာတဲ့ စစ်သင်္ဘော ၃ စီးနဲ့အတူ ကြေးနီတင်လာတဲ့ ဖလက် ၃ စီး၊ သစ်‌တွေတင်လာတဲ့ ဖလက် ၄ စီးကို ချင်းတွင်းမြစ်ကြောင်းအတွင်းမှာ စစ်ကောင်စီဘက်က Mi 35 နဲ့ ကင်းထောက်ပေးတာလို့ ဆိုပါတယ်။

Chindwin Dynamice (Salingyi) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေဟာ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၃ စီး၊ ကြေးနီတင်လာတဲ့ ဖလက် ၃ စီး၊ သစ်‌တွေတင်လာတဲ့ ဖလက် ၄ စီးကို ရှေ့ထွက်မိုင်း ဂန်းငယ်တွေနဲ့ပစ်ဖို့ ကြိုးစားပေမယ့် စစ်ကောင်စီဘက်က လေယာဉ်ဝဲနေတာကြောင့် ဘာမှ မလုပ်ခဲ့ရဘူးလို့ ဆိုပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မုံရွာ #ချင်းတွင်းမြစ်ကြောင်း #စစ်သင်္ဘော #Mi35 #ကင်းထောက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10