စစ်ကောင်စီခန့် ရွှေဘိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တဦး ပစ်သတ်ခံရ

စစ်ကောင်စီခန့် ရွှေဘိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၆ ရပ်ကွက်၊ ထိပ်တန်းလမ်းမြောက်ဘက်ပိုင်းနေ စစ်ကောင်စီခန့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် အမျိုးသားတဦး သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စစ်ကောင်စီခန့် ရွှေဘိုမြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်လည်းဖြစ် မြို့နယ်ကြံ့ခိုင်ရေးပါတီ အလုပ်အမှုဆောင်တဦးလည်းဖြစ်သူ အသက် ၆၀ အရွယ် ဦးဇော်ဇော် ကို ဇွန်လ ၆ ရက် မနက် ၇ နာရီလောက်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။ 

"သူ့နေအိမ် တန်လျားမှာထိုင်နေချိန် ဝင်ပစ်သွားတာလို့တော့ သိရတယ်။ သေနတ်အချက်ရေတော့ များတယ်။ နေရာမှာပဲ သေသွားတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

ပစ်ခတ်ခံရတာကြောင့် ဦးဇော်ဇော်ရဲ့ ဦးခေါင်းနဲ့ရင်ဘက်တွေကို ကျည်ထိမှန်သေဆုံးခဲ့တာဖြစ်ပြီး ပစ်ခတ်မှုအပြီး နာရီဝက်လောက်အကြာမှာ စစ်ကောင်စီအဖွဲ့တွေရောက်လာကာ စစ်ဆေးမှုတွေလုပ်ပြီး အလောင်းကိုတော့ ရွှေဘိုဆေးရုံကို သယ်သွားတယ်လို့ ဆိုပါတယ်။ 

ဦးဇော်ဇော်ဟာ ၂၀၂၀ ရွေးကောက်ပွဲတုန်းကလည်း ကြံ့ခိုင်ရေးပါတီကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ဖူးသူဖြစ်တယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ဘာကြောင့်လုပ်ဆောင်တယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေညာထားတာမရှိပါဘူး။ 

ပြီးခဲ့တဲ့ မတ် ၂၂ ရက်ကလည်း ရွှေဘိုမြို့၊ ပြည်တော်သာရပ်ကွက်၊ လက်ဖက်ရည်ဆိုင်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ ဦးပစ်သတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #စစ်ကောင်စီခန့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် #ပစ်သတ်ခံရ #ပဋိပက္ခ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10