စစ်ကောင်စီ ခြေလျင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ ၄ဦး သေဆုံးနိုင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ခြေလျင်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို အင်ကြင်းစုအရှေ့ဘက်အရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ Myanmar's Royal Dragon Army-MRDA အဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မကွေးတိုင်း၊ မြိုင်မြို့ကနေ ဇူလိုင် ၂၈ရက် မနက် ၈ နာရီခန့်က အင်အား ၈၀ကျော်နဲ့ ခြေလျင်ထွက်လာခဲ့တာဖြစ်ပြီး ပုလဲမြို့နယ်၊ အင်ကြင်းစုအရှေ့ဘက်အရောက်မှာ ကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်အလစ်ငိုက် တိုက်ခိုက်ခဲ့တာလို့ Myanmar's Royal Dragon Army-MRDA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"မနေ့က လက်နက်ကြီးနဲ့ ထုလိုက်တာမှာ ၄ ယောက်ကတော့ တုံးလုံးလဲသွားတယ်။ ၄ ယောက်လုံးသေဖို့များနိုင်တယ်။ ၄၀ မမနဲ့ ပစ်လိုက်တာဆိုတော့ ပြင်းအားကလည်း တော်တော်ပြင်းတယ်။ သူတို့ ၄ ယောက်နားမှာကျတယ်။ ကျနော်တို့ဘက်ကတော့ ရဲဘော်တဦး ကျည်ဆံရှပ်ထိတာ မစိုးရိမ်ရပါဘူး။ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ၂၅ မိနစ်လောက်ကြာတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီ ခြေလျင်စစ်ကြောင်းဟာ ဘယ်တပ်ကလဲဆိုတာ မသိရသေးဘဲ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်မှာ အင်မထီးရွာထဲကို ဝင်သွားတယ်လို့ ပြောပါတယ်။ 

တိုက်ခိုက်မှုကို Myanmar's Royal Dragon Army-MRDA နဲ့ 96 Soldiers တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#သတင်း #ရုပ်သံ #စစ်ကိုင်းတိုင်း #ပုလဲ #စစ်ကောင်စီခြေလျင်စစ်ကြောင်း #တိုက်ခိုက်ခံရ #စစ်သား #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10