သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
အင်အာ ၈၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တဲ့ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အခြေစိုက် ပူးပေါင်းတပ်ရင်း ရဲဘော်တွေကို ထီးလင်းမြို့နယ်ပြည်သူတွေက ဒီဇင်ဘာ ၂၃ ရက် ဒီနေ့ညနေပိုင်းမှာ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။
ထီးလင်းမြို့နယ် အမှတ် ၂၊ ၄၊ ၁၀၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထီးလင်းမြို့ ရွှေထီးခန်းမက အင်းအား ၈၀ ကျော်ပါစစ်ကောင်စီစစ်ကြောင်းတို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်က ၂ နာရီကြာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၃ ဦးခန့်သေဆုံးပြီး လေယာဥ်ပစ်ကူပေးကာ ပြန်ဆုတ်သွားခဲ့ရတယ်လို့ ကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။
အဲ့ဒီတိုက်ပွဲက ပြန်လာတဲ့ ရဲဘော်တွေကို ထီးလင်းမြို့နယ်ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ကြသလို တပ်ရင်းအကြီးအကဲတွေကလည်း ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။
"ပြည်သူတွေက ဂုဏ်ပြုကြိုဆိုချင်ပါတယ်ဆိုလို့ ရဲဘော်တွေပြန်ဆုတ်လာတဲ့အချိန် စီစဥ်ပေးလိုက်တာပါ။ ပင်ပန်းခဲ့ကြတာကြာပြီဆိုတော့ တပ်ရင်းမှာလည်း အနားယူဖို့ပြင်ဆင်ထားပါတယ်။"လို့ တပ်ရင်းတာဝန်ရှိသူတဦးက ပြောပါတယ်။
အဲ့ဒီတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေထဲက အလောင်း ၈ လောင်းဟာ ၁၀ ရက်ခန့်ကြာတဲ့အထိ ကောက်ယူသင်္ဂြိုဟ်ခြင်းမရှိဘဲ ပုပ်ပွနံစော်နေလို့ ဒေသခံပြည်သူတွေဖြတ်သန်းသွားလာခြင်းမလုပ်နိုင်ဘဲ ရှောင်ကွင်းပြီးသွားကြရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
လက်ရှိအချိန်မှာတော့ တော်လှန်ရေးရဲဘော်တွေက နယ်မြေရင်းလင်းရေးပြုလုပ်ပြီးလို့ စခန်းကြီးအနီးတဝိုက်လမ်းတွေကို ပြန်လည်အသုံးပြုလို့ရနေပြီလို့သိရပါတယ်။
သတင်း - Razor၊ စာတည်း - JCG
#မြေလတ်အသံ
#ထီးလင်း #တိုက်ပွဲ #ရဲဘော် #ပြည်သူ #ကြိုဆို
Share Share Share