သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာထိပ်ရှိ ဘုန်းကြီးကျောင်းထဲမှာ စစ်ကောင်စီတပ်သားအင်အား ၁၀ ဦးခန့် တပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၁၅ ရက် နေ့လယ် ၁၀ နာရီကျော်ကစပြီး မိနစ် ၃၀ ကျော်ကြာ တိုက်ခိုက်ခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့ဆီက သိရပါတယ်။
၄၀ မမဗုံးသီး၊ အီနာဂါဗုံးသီးအပြင် လက်နက်ငယ်တွေနဲ့ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်က ဘန်ကာထဲကို ပစ်ခတ်ခဲ့ရာမှာ စစ်သား ၂ ဦးသေဆုံးသွားတယ်လို့ Burma Revolution Rangers ရဲဘော် ဒီမိုက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ လွန်ခဲ့တဲ့ ၃ နှစ်ခန့်ကတည်းက ဘုန်းကြီးကျောင်းဝန်းမှာ အထိုင်ဂိတ်ချပြီး ခရီးသွားတွေကို ငွေကြေးကောက်ခံနေတဲ့အတွက် အခုလို တိုက်ခိုက်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်ပြီး ရဲဘော်တွေပြန်အဆုတ်မှာ စစ်အုပ်စုဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာရှိပေမယ့် တော်လှန်ရေးရဲဘော်တွေ ထိခိုက်တာမျိုးမရှိဘူးလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ Burma Revolution Rangers၊ Pakokku People Defense Force (PPDF)၊ Young Force (UG) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#မကွေး #ပခုက္ကူ #တိုက်ပွဲ #စစ်သား #သေဆုံး
Share Share Share