စစ်ကောင်စီတပ်က အရပ်သား ၇ ဦးကိုပြေးခိုင်းပြီးသေနတ်နဲ့ပစ်သတ်၊ ဓါးစာခံ ၁၁ ဦးအားဖမ်း‌ဆီးသွား

စစ်ကောင်စီတပ်က အရပ်သား ၇ ဦးကိုပြေးခိုင်းပြီးသေနတ်နဲ့ပစ်သတ်၊ ဓါးစာခံ ၁၁ ဦးအားဖမ်း‌ဆီးသွား

မြင်းမူမြို့နယ်၊ ကံဖျားရွာနှင့် ဂုံညှင်းဆိပ်ကျေးရွာများကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်း က အရပ်သား ၇ ဦးကို သေနတ်နဲ့ပစ်သတ်သွားပြီး ဓါးစာခံ ၁၁ ဦးကိုလည်းဖမ်းဆီးသွားတယ်လို့ People's Army to Fight Dictatorship(PAFD) အဖွဲ့ထံကသိရသည်။

ဇွန်လ ၅ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်သွားခြင်းဖြစ်ပြီး PAFD တပ်တွေဖွဲ့တွေ ဒရုန်းနဲ့ လိုက်လံကြည့်ရှုစဉ် ဓါးစာခံ ၁ ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဓါးနဲ့လှီးဖြတ်ခံရခြင်း၊ မျက်နှာတခုလုံးကို ရိုက်နှက်ထားခြင်းတို့ကို ခံခဲ့ရကြောင်း သိရသည်။

"ဓါးစာခံတွေဖမ်းခေါ်သွားတယ်၊ သူတို့ထွက်သွားပြီးလားဆိုပြီး ကျနော်တို့ကံပြားအထိအောင် ဒရုန်းနဲ့လိုက်ကြည့်တယ်၊ သူတို့ဖမ်းသွားတဲ့ ဓါးစာခံတယောက်ပြန်တွေ့တယ်၊ ပြန်ခေါ်လာတယ်၊ သူ့နားလည်းဓါးနဲ့ဖြတ်ထားတယ်၊မျက်နှာကြီးကပျားတုပ်ထားသလိုပဲ တအားရိုက်နှက်ထားတာ၊ သူကတော့အသက်ရှင်လျက်ပြန်လွတ်လာတယ်၊ ၁၁ ယောက်ကတော့ ဓါးစာခံအဖြစ်ခေါ်သွားတယ်၊ ရွာသူရွာသား ၇ ယောက်ကိုရှေ့ကပြေးခိုင်းပြီး သေနတ်နဲ့သတ်ကြတယ်၊" ဟု PAFD တာဝန်ခံက မြေလတ်အသံကိုပြောသည်။

ပစ်သတ်ခံရသူများမှာ အမျိုးတွေဖြစ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူတွေလည်း အသက်ရှင်မရှင် သေချာမသိရသေးကြောင်း ဆိုသည်။

ဆုတ်ခွါသွားတဲ့ စစ်ကောင်စီစစ်ကြောင်း က ကျေးရွာနေအိမ်တွေနဲ့ ဆိုင်ကယ် အစီး ၁၀၀ လောက်ကိုလည်း မီးရှို့သွားကြကြောင်း  PAFD အဖွဲ့ထံကသိရသည်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10