သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ ပူးပေါင်းနေထိုင်တဲ့ ကနီရွာကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မဟာမိတ်ပူးပေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါ တယ်။
သြဂုတ် ၄ ရက် မနက် ၉ နာရီဝန်းကျင်ကစတင်ပြီး ၁၁ နာရီထိ နှစ်နာရီကြာ ဖြစ်ပွားခဲ့တဲ့ အဲ့ဒီတိုက်ခိုက်မှုမှာ ပျူ ၄၅ ယောက်အပြင်းအထန်ဒဏ်ရာရရှိပြီး သေဆုံးမှုတွေရှိနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မြေလတ်အသံကို ပြောပါတယ်။
"မြိုင်မြို့နယ်ထဲက ကနီပျူရွာကို တိိုက်ခိုက်ခဲ့တာပါခင်ဗျ။ အိမ်ခြေ ၅၀၀ ရှိပြီး ပျူနဲ့စစ်ကောင်စီတပ်တို့ ရောနှောနေထိုင်တဲ့ရွာဖြစ်လို့ အင်အားတော့ အတော်ကြီးတယ်လို့" Chindwin Toe Na Yar PDF ဗိုလ်မုန်တိုင်းက မြေလတ်အသံကို ပြောပါတယ်။
မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေအပြင် အတွဲလိုက်ပစ်ခတ်တဲ့ လက်နက်ကြီးတွေနဲ့လည်း တိုက်ခိုက်ခဲ့ပြီး မောင်းသူမဲ့လေယာဉ် ၄ စီးနဲ့လည်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ကာကွယ်ရေးတပ်ပေါင်းစုဘက်က မောင်းသူမဲ့လေယာဥ်တစီး ပျက်စီးဆုံးရှုံးမှုသာရှိခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ ချင်းတွင်းတိုးနယား YMB၊ ယင်းမာပင်ခရိုင်အမှတ် ၂၉ တပ်ရင်း၊ တပ်ခွဲ ၂၊ ဘာမထီပွဲတိုင်းကျော် YMB၊ ဇာမဏီ၊ SDB၊ ဒေါင်းနီ၊ ကိုဇော်မိုက်၊ သပြေတော (ပကဖ)၊ ကန်လယ် (ပကဖ)၊ ဗိုလ်လရောင် (ပကဖ)၊ သမ္မဂ္ဂ သာနော ၊ တော်ဝင်ကျား၊ M P L၊ T K G F၊ သိမ်းငှက်နီ၊ ရွှေဟင်္သာ၊ ဗမာဒေါင်း၊ အညာမုန်တိုင်း၊ စွန်ရဲ၊ ဘာမထီ စတဲ့ တပ်ဖွဲ့ ၂၁ ခုပါတဲ့ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တည်းဖြတ် - ဇို
#မြေလတ်အသံ
#သတင်း #ရုပ်သံ #မကွေး #မြိုင် #စစ်ကောင်စီ #ပျူစောထီး #ကနီရွာ #ပြည်သူ့ကာကွယ်ရေး #ပူးပေါင်း #တိုက်ခိုက် #လက်နက်ကြီး
Share Share Share