သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ပင်ကျော်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကြံ့ခိုင်ရေးအမာခံ ၂ ဦးသေဆုံးပြီး ပြည်သူ ၄ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဩဂုတ် ၂၃ ရက် ညနေ ၄ နာရီကျော်ခန့်မှာ အုတ်တွင်းမြို့နယ်၊ ကန်ကလေးပေါက်ကုန်းရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်ခတ်ချိန်မှာ ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
"စစ်တောင်းအနောက်ဘက်ကမ်းကနေ အရှေ့ဘက်ကမ်းကို ပစ်တာပေါ့။ လေးငါးလုံးလောက်ရှိမယ်။ အဲ့ထဲက တလုံးက ပင်ကျော်ရွာထဲကျတာ။ အဲ့ရွာက အစိမ်းထောက်ခံသူများတယ်။ ခုလက်နက်ကြီးကျတာလည်း အစိမ်းထောက်ခံသူတွေနေတဲ့ အိမ်နားကျပြီး ထိကြတာ။"လို့ ဒေသခံတဦးက ပြောပါတယ်။
လက်နက်ကြီးထိလို့ ကြံ့ခိုင်ရေးအမာခံ အသက် ၄၀ ကျော်အရွယ် ကိုဝင်းနိုင်နဲ့ ကိုဝင်းလှိုင် ညီအကို ၂ ဦးနေရာမှာ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် သေဆုံးသူ ၂ ဦးနဲ့ ဝမ်းကွဲညီတော်စပ်သူ အမျိုးသား ၁ ဦး၊ ပြည်သူ အမျိုးသမီး ၂ ဦးနဲ့အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီ ပင်ကျော်ကျေးရွာဟာ ၂၀၂၀ ရွေးကောက်ပွဲကာလက NLD ပါတီ အောင်နိုင်ရေးအဖွဲ့တွေ ကျေးရွာထဲမဝင်နိုင်အောင် ပိတ်ဆို့ အနှောင့်အယှက်ပေးခဲ့ဖူးတဲ့ရွာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီထောက်ခံသူ အများစုရှိတဲ့ရွာဖြစ်တယ်လို့ သိရပါတယ်။
ဩဂုတ် ၁၆ ရက် မနက်ပိုင်းကလည်း ထန်းတပင်မြို့နယ်၊ ဇလုပ်ကြီးရွာမှာ ဖြူးမြို့နယ်၊ သစ်ခြောက်ခင်ကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ပြည်သူ ၂ ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#သတင်း #ပဲခူးတိုင်း #ထန်းတပင် #အုတ်တွင်း #စစ်တောင်းမြစ် #စစ်ကောင်စီ #လက်နက်ကြီး #NLD #ကြံ့ခိုင်ရေးပါတီ
Share Share Share