သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ စလင်းမြို့ပေါ်ရှိ စလင်းမြို့နယ်အထွေထွေဦးစီးမှူး ဦးနေလင်းနိူင်ရဲ့နေအိမ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းဆီက သိရပါတယ်။
အဲ့ဒီနေအိမ်မှာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦးရဲ့ တပ်ပြောင်းနှုတ်ဆက်ပွဲပြုလုပ်ချိန် နိုဝင်ဘာလမနက် ၁၀ နာရီခွဲလောက်မှာ သတင်းအတိအကျရတဲ့အတွက် ဒရုန်းနဲ့ဗုံးသီး ၂ လုံးကြဲချခဲ့ရာ ၆ ဦး ဒဏ်ရာရခဲ့ တယ်လို့ ဆိုပါတယ်။
“သူတို့နှုတ်ဆက်ပွဲလုပ်တဲ့ ဦးစီးမှူးနေအိမ်ရဲ့ဝန်းထဲကိုကျတာ၊ သူတို့တပ်ထဲက ဗိုလ်ကြီး ၁ ဦးက နယ်ပြောင်းတာကို နှုတ်ဆက်ပွဲလုပ်တာကို ဗုံးကြဲချတာပါ၊ အပြောင်းအရွေ့လုပ်တဲ့ဗိုလ်ကတော့ ဘယ်တပ်ကလို့မသိဘူး၊ ဒဏ်ရာရတာတော့ ၆ ဦးရှိတယ်လို့ မြေပြင်မြို့ခံပြောပြလို့ သိရတယ်၊” လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ JOKERက ပြောပါတယ်။
တိုက်ခိုက်ချိန်အတွင်း အဲ့ဒီနေအိမ်မှာ ခလရ ၂၅၃၊ ခလရ ၂၅၄၊ ခလရ ၂၅၅ က တပ်သားတွေလည်း ရောက်ရှိနေပြီး ဒဏ်ရာရသူတွေကိုတော့ လူနာတင်ကားနဲ့ စလင်းဆေးရုံကိုပို့လိုက်ကြတယ်လို့ ဆိုပါတယ်။
စလင်းမြို့ခံ ၁ ဦးကလည်း အထွေထွေဦးစီးမှူးနေအိမ်ကို ဗုံးနဲ့တိုက်ခိုက်ခံရတာမှန်ကန်ကြောင်း အတည်ပြု ပြောဆိုထားပါတယ်။
တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က စလင်းမြို့ပေါ်အဝင်အထွက်တွေကို စစ်ဆေးမှုတွေလုပ်ပြီး မြို့တွင်းမှာလည်း ကင်းပတ်တာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း နဲ့ စလင်းမြို့နယ် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကလည်း စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သရက်ချဉ်ကျေးရွာအနီး ကြေးစားစစ်သားလို့ ယူဆရသူ ၅ ဦးပါဝင်တဲ့ တပ်မ ၈၈ စစ်ကြောင်းကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းကဒရုန်းနဲ့ ဗုံးကြဲချခဲ့ရာ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ပါသေးတယ်။
ပုံစာ - ဗုံးကြဲခံရသည့် စလင်းမြို့နယ်အထွေထွေဦးစီးမှူးနေအိမ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #စလင်း #မြို့နယ်ဦးစီးမှူး #ဗုံးကြဲ #ထိခိုက်
Share Share Share