စစ်ကောင်စီမီးရှို့လို့ ကုန်းရွာဒေသခံ ၁ သောင်းခန့် ထွက်ပြေးတိမ်းရှောင်ရ

စစ်ကောင်စီမီးရှို့လို့ ကုန်းရွာဒေသခံ ၁ သောင်းခန့် ထွက်ပြေးတိမ်းရှောင်ရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကုန်းရွာနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့နေလို့ ဒေသခံ ၁ သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ Bo Thurain-Yinmabin PDF တပ်ရင်းဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်အား ၁၃၀ ‌နီးပါးနဲ့ ယင်းမာပင်မြို့နယ် ကုန်းရွာက နေအိမ်တွေကို ဖေဖော်ဝါရီလ ၂၈ ရက် ညပိုင်း ၇ နာရီအချိန်ကစလို့ ‌မီးရှို့နေတယ်လို့ ဆိုပါတယ်။

"စစ်ကောင်စီတပ်သားတွေက ဝါးရုံတောထဲကနေလာပြီး ကျွန်းတော၊ မြင်သာကုန်းကနေ ကုန်းရွာဘက်ကိုဝင်လာတာ၊ ရွာရဲ့အနောက်ဘက်က နေအိမ်တွေဖျက်ဆီးပြီး မီးတွေရှို့တယ်၊ ကုန်းရွာရွာမကြီးထဲကတော့ အိမ်‌ခြေ ၈၀၀ လောက်ရှိတယ်၊ စတင်မီးရှို့တာက ည ၇ နာရီမှာမီးရှို့တာ၊ လက်ရှိအချိန်အထိ စစ်**တွေက ရွာကနေအိမ်တွေကို မီးရှို့နေလို့ အိမ်ဘယ်လောက်မီးထဲပါတာအတည်မပြုနိုင်သေးဘူး၊ ကုန်းရွာ ဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရတယ်" လို့ ဗိုလ်သူရိန်က ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ဒီကနေ့မနက်(မတ်လ ၁ ရက်)အထိ မထွက်သေးပဲ ကုန်းရွာကိုထပ်မံမီးရှို့နေပြီး စစ်ကောင်စီစစ်ကြောင်းထိုးနေလို့ ကုန်းရွာ၊ ရုန်းလေးပင်ရွာ၊ ပေါက်ပန်းဖြူရွာ၊ ဇီးတောရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းက ယင်းမာပင်မြို့နယ်ထဲက ထန်းတောကြီးရွာကို စစ်ကြောင်းထိုးလာပြီး ပုလဲဘက်ကလာတဲ့ စစ်ကြောင်းလို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10