သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေမှာ နိုဝင်ဘာ ၂၉ ရက် ဒီကနေ့ မနက် ၁၁ နာရီ ၃၂ မိနစ် က အင်အားနည်းငလျင်တခုလှုပ်ခတ်ခဲ့တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အနောက်တောင်ဘက် ၁၄ မိုင်အကွာ မြေအောက်အနက် ၂၄ ကီလိုမီတာခန့်ကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၃.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက် နေ့လယ် ၁ နာရီခန့်မှာလည်း ဟုမ္မလင်းမြို့ အရှေ့ဘက် ၄၆ မိုင်ခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၃.၄ အဆင့်ရှိ မြေငလျင်တခုလှုပ်ခတ်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာလည်း မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိ၊ တပ်ကုန်း၊ ဇေယျာသီိရ စတဲ့မြို့နယ်နေရာအများအပြားမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။
#မြေလတ်အသံ
#နေပြည်တော် #ငလျင် #သဘာဝဘေးအန္တရာယ် #သတင်း
Share Share Share