စစ်ကောင်စီ ထောက်ပို့အမြန်ရေယာဥ်တစီး တိုက်ခိုက်ခံရလို့ ၈ ဦးခန့် ဒဏ်ရာရနိုင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကံကြီးကုန်းရွာထဲက စစ်ကောင်စီဝန်ထမ်းတွေကို လစာ၊ စားနပ်ရိက္ခာနဲ့ ကျည်တွေ ထောက်ပို့လာတဲ့ အမြန်မော်တော်တစီးကို ချင်းတွင်းမြစ်ကြောင်းတနေရာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ ဓါးမဆိုင်းတပ်မတော် (D.M.S.A) အဖွဲ့ဆီက သိရပါတယ်။
 
ဇူလိုင် ၇ ရက် ညနေ ၇ နာရီလောက်မှာ မုံရွာကနေ စစ်သားအင်အား ၅၀ ဝန်းကျင်ပါတဲ့ အဲ့ဒီမော်တော်ကို ဆားလင်းကြီးမြို့နယ်နဲ့ ချောင်းဦးမြို့နယ် ချင်းတွင်းမြစ်ကြောင်းတနေရာမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့က သူတို့မထင်မှတ်တဲ့ နေရာကနေ တိုက်ခိုက်လိုက်တာ၊ လှေဦးပေါ်မှာက‌တော့ ကျနော်တို့ ပစ်လိုက်လို့ ထိခိုက်ဒဏ်ရာရပြီး မထနိုင်တာကတော့ ၃ ဦးလောက်မြင်ရတယ်၊ ခန့်မှန်ခြေ အားလုံး ၈ ယောက်အထက်ရှိမယ်။ အဲ့ဒီအမြန်ယာဉ်က ည ၈ နာရီလောက်မှာ မုံရွာဘက်ကို ပြန်ထွက်သွားတယ်” လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ ဓါးမဆိုင်းတပ်မတော် (D.M.S.A)မှ ဗိုလ်စွမ်းက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော် (D.M.S.A)၊ Shadow Rangers Salingyi (SRS)၊ မုံရွာခရိုင်တပ်ရင်း ၄ အထူးကွန်မန်ဒို၊ Monywa the boy နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10