သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကောင်စီတပ်ရဲ့ အဓိကထောက်တိုင်၊ လက်နက်ထုတ်လုပ်ရေးတပ်တွေဖြစ်တဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)တချို့ဟာ နယ်မြေလုံခြုံမှုမရှိတာနဲ့ ထုတ်လုပ်ရေးစစ်သားအင်အားနည်းပါးလာတာကြောင့် ထုတ်လုပ်ရေးလုပ်ငန်းတွေရပ်ဆိုင်းထားရပါတယ်။
အထူးသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDF ထိန်းချုပ်မှုအားကောင်းတဲ့ မြို့နယ်တွေမှာရှိတဲ့ ကပစတပ်တွေဟာ နယ်မြေလုံခြုံရေးကိုသာ အဓိကထားလုပ်ဆောင်နေရတာကြောင့် ထုတ်လုပ်ရေးလုပ်ငန်းတွေမလည်ပတ်နိုင်တော့ပါဘူး။
လည်ပတ်နိုင်တဲ့ စက်ရုံတချို့ဟာလည်း လက်နက်၊ခဲယမ်းလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ လက်ကျန်စစ်သားအနည်းငယ်၊ စစ်သားအစားခန့်အရပ် သား(အမျိုးသမီး)ဝန်ထမ်းတွေနဲ့သာ နားရက်မရှိ အပြင်းအထန်လုပ်ဆောင်နေရတယ်လို့ ကပစတပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#ဆောင်းပါး #ရုပ်သံဆောင်းပါး #ကပစ #တကစ #လက်နက်စက်ရုံ
Share Share Share