သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်ထဲမှာ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ဖို့ ပြင်ဆင်နေချိန် မိုင်းမတော်တဆမှုဖြစ်ပြီး PDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့တယ်လို့ 21 Bagan People Defense Force ဆီက သိရပါတယ်။
ကျဆုံးသူဟာ အသက် ၂၅ နှစ်အရွယ်တပ်ဖွဲ့ဝင် ဗျတ္တဖြစ်ပြီး ဇန်နဝါရီ ၁ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ဖို့ပြင်ဆင်နေချိန် ပေါက်ကွဲမှုဖြစ်ကာ ရင်ဘက်နဲ့ ညာဘက်မျက်လုံးတို့ကိုမိုင်းထိပြီး ကျဆုံးခဲ့တာလို့ အဲ့ဒီအဖွဲ့ရဲ့တပ်ဖွဲ့ဝင် ယက္ခ က ပြောပါတယ်။
မြစ်ခြေမြို့နယ်ထဲကို ရိက္ခာလာပို့တဲ့ ပခုက္ကူမြို့ တပ်မ ၁၀၁ က စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ဖို့ ပြင်နေချိန်မှာ ခုလို မတော်တဆမှုဖြစ်ပြီး ကျဆုံးခဲ့တာလို့ ဆိုပါတယ်။ ဒီမတော်တဆမှုဖြစ်တဲ့အတွက် စစ်ကောင်စီစစ်ကြောင်းကိုတော့ မတိုက်ခိုက်နိုင်လိုက်ဘူးလို့ သူက ဆက်ပြောပါတယ်။
တပ်ဖွဲ့ဝင်ဗျတ္တဟာ ညောင်ဦးဒေသခံတဦးဖြစ်ပြီး ၂၀၂၄ မေလ မှာ 21 Bagan People Defense Force ဆီ ဝင်ရောက်လာတာလို့ ဆိုပါတယ်။
ဗျတ္တဟာတပ်ဖွဲ့အတွင်း ပထမဦးဆုံးကျဆုံးခဲ့သူဖြစ်ပြီး သူ့ရဲ့ဈာပနကို ကမ္မမြို့နယ်အတွင်းမှာပဲ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပခုက္ကူ #ကံမ #ရဲဘော် #မိုင်း #ကျဆုံး
Share Share Share