သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ တောင်ငူမြို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရောက်ရှိလာချိန် ရဲစခန်းတခုကို မိုင်းခွဲတိုက်ခိုက်ခံခဲ့တယ်လို့ တောင်ငူမြို့ Annonymous UG အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
မင်းအောင်လှိုင် တောင်ငူမြို့ပေါ်ကို ရောက်ရှိလာခဲ့တာကြောင့် မြို့အတွင်း၊ အပြင်မှာ စစ်ကောင်စီတပ်သားတွေက လုံခြုံရေးတင်းကျပ်စွာယူထားကြချိန် သြဂုတ် ၂၃ ရက် ည ၅ နာရီခွဲမှာ မြို့အရှေ့ဘက်ရှိ တောင်ငူ-သံတောင်ကားလမ်းမဘေးက အမှတ် ၃ ရဲစခန်းကို ရှေ့ထွက်မိုင်းတလုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
"လုံခြုံရေး တအားတင်းကျပ်တာကတော့ မနက် ၆ နာရီလောက်ကစပြီးတော့ ညနေ ၆ နာရီလောက်ထိပဲ။ အမှတ် ၃ ရဲစခန်းတိုက်ခိုက်မှုက ရဲစခန်းရှေ့ကနေ ရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှုတော့ နည်းမယ်။ သူတို့ လုံခြုံရေးဂိတ်ကို တိုက်ခိုက်တာ" လို့ တောင်ငူမြို့ Annony mous UGအဖွဲ့မှ ဖောက်ခွဲရေး တာဝန်ခံက ပြောပါတယ်။
အမှတ် ၃ ရဲစခန်း တိုက်ခိုက်မခံရမီအချိန်တွေမှာလည်း တောင်ငူမြို့ပေါ် ရှိ ရပ်ကွက်နေရာ ၇ ခုကို စစ်ကောင်စီ တပ်သားတွေက ကား၂ စီးနဲ့ လှည့်လည်စစ်ဆေးတာ၊ ဆိုင်ကယ်စီးပြည်သူတွေကို ဆိုင်ကယ်ဦးထုပ် မဆောင်း လျှင် မြို့ထဲကိုလုံးဝပေးမဝင်တာတွေ တင်းတင်းကျပ်ကျပ်ပြုလုပ်ခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ညနေ ၅ နာရီမှာ တောင်ငူမြို့၊ ကန်တော်ကြီးအနီးရှိ ကော်ဖီဆိုင်တဆိုင်မှာ ကော်ဖီထိုင်သောက်နေကြတဲ့ အမျိုးသားတွေကို အရပ်ဝတ်စစ်ကောင်စီတွေက ဝင်ရောက်ဖမ်းဆီးမှု လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
"အဖမ်းခံရတာက သုံး၊ လေးယောက်တဲ့။ အဲဒီအထဲမှာ နိုင်ငံရေးအမှုနဲ့ ထောင်ကျဖူးတဲ့ ကိုမင်းဆွေလည်းပါသွားတယ်။ ကိုမင်းဆွေကို ဖမ်းတုန်းက အိတ်အမဲနဲ့ ခေါင်းကိုစွပ်ပြီး ဖမ်းသွားတယ်" လို့ အထက်ပါ UG တာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ဩဂုတ် ၂၂ ရက် ညနေ ၅ နာရီကျော်မှာလည်း တောင်ငူမြို့ အရှေ့ဘက် တောင်ငူ - သံတောင် ကားလမ်းပေါ် ရှိ ကရင်ချောင်းတံတားဂိတ်မှာ ဆက်ကြေးကောက်နေတဲ့ ယာဉ်ထိန်းရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုဖြစ်စဥ် ၂ ခုစလုံးကို Anonymous UG ၊ KNU တပ်မဟာ ၂ တောင်ငူခရိုင်၊ တပ်မဟာ ၅ ကွန်မန်ဒိုတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်း #တောင်ငူမြို့ #မင်းအောင်လှိုင် #ရဲစခန်း #မိုင်းခွဲ
Share Share Share