သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်အနီး၊ ဇလုပ်အဝိုင်းပတ် စစ်ဆေးရေးဂိတ်က အင်အား ၁၅ ဦးဝန်းကျင်ရှိ ရဲတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ မုံရွာခရိုင်တပ်ရင်း အမှတ် (၂၇) Black Dragon Force အဖွဲ့ဆီက သိရပါတယ်။
လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေတဲ့ ဇလုပ်အဝိုင်းပတ်က စစ်ဆေးရေးဂိတ်ကို ဇူလိုင် ၃၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
"မုံရွာမြို့ စီးပွားရေးတက္ကသိုလ်အနီးမှာရှိတဲ့ ဇလုပ်အဝိုင်းပတ်က စစ်ဆေးရေးဂိတ်ကို သွားပစ်တာ၊ ပစ်ခတ်အချိန်က မိနစ်အနည်းငယ်ပဲကြာတယ်၊ အကြာကြီးမပစ်ခဲ့ဘူး၊ အဓိကတော့ စစ်ဆေးနေတဲ့ကောင်တွေပဲ ပစ်ပြီးတော့ ကျနော်တို့အထိ အခိုက်မရှိပြန်ဆုတ်ခဲ့တာ၊ မျက်မြင်တွေပြောပြလို့ သိရတာက ရဲ ၂ ဦးသေပြီး ၃ ဦးထိခိုက်ဒဏ်ရာရတယ်" လို့ မုံရွာခရိုင်တပ်ရင်း အမှတ် (၂၇) Black Dragon Force တပ်ရင်းမှူး ဗိုလ်စိုးကြီးက ပြောပါတယ်။
အဲ့ဒီစစ်ဆေးရေးဂိတ်က ရဲတွေဟာ မုံရွာမြို့ပေါ်ရဲစခန်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲတွေဖြစ်တယ်လို့ သိရပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#မုံရွာ # စစ်ဆေးရေးဂိတ် #ပစ်ခတ်ခံရ #ရဲ #PDF
Share Share Share