စစ်တပ်ကပစ်တဲ့ ဒရုန်းဗုံးထိမှန်လို့ PDF ၂ ဦးကျဆုံး

စစ်တပ်ကပစ်တဲ့ ဒရုန်းဗုံးထိမှန်လို့ PDF ၂ ဦးကျဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ကမ်း ကျေးရွာတရွာမှာ စစ်ကောင်စီချတဲ့ ဒရုန်းဗုံး ထိမှန်ပြီး PDF ၂ ဦးကျဆုံးခဲ့တယ်လို့ ဧပြီ ၂၄ ရက်မှာ တောင်ငူခရိုင် တပ်ရင်း ၃၅၀၂ က သတင်းထုတ်ပြန်ထားပါတယ်။

ဧပြီ ၂၂ ရက်မှာ တောင်ငူခရိုင် တပ်ရင်း ၃၅၀၂ လက်အောက်ခံ ကူကီးစစ်ကြောင်းမှ အသက် ၂၆ နှစ်အရွယ် ရဲဘော်သက်ပိုင်နဲ့ ရဲဘော် အငယ်လေးတို့ဟာ ရှေ့တန်းကင်းစောင့်နေချိန် စစ်ကောင်စီရဲ့ ဒရုန်းနဲ့တိုက်ခိုက်တာကို ခံလိုက်ရတယ်လို့ ဆိုပါတယ်။

"သူတို့က စကစ စစ်ကြောင်းလာနိုင်လို့ ပွိုင့်ကင်းစောင့်နေတာ။ စကစ စစ်ကြောင်းက လွှတ်တဲ့ ဒရုန်းဗုံးသီး ထိမှန်ပြီးနေရာမှာပဲ ကျဆုံးသွားတာ။ ကျဆုံးရဲဘော် နှစ်ယောက်ကို နောက်တန်းတောင် ပြန်မယူနိုင်ဘဲ ရှေ့တန်းမှာပဲ နာရေးလုပ်လိုက်ရတယ်"လို့ တောင်ငူခရိုင် တပ်ရင်း ၃၅၀၂ က ပြန်ကြားရေးတာဝန်ခံ ကိုစွန်ရဲကပြောပါတယ်။

ကျဆုံးရဲဘော် ၂ ဦးရဲ့အလောင်းတွေကိုတော့ ဧပြီ ၂၂ ရက်မှာပဲ သူတို့ကျဆုံးခဲ့တဲ့ကျေးရွာအနီးမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။ 

လက်ရှိ ရေတာရှည်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီအဖွဲ့ဟာ စစ်ကြောင်းအရင် လှုပ်ရှားသွားလာတာမရှိဘဲ ဒရုန်းအသုံးပြုပြီး ကင်းထောက်တာ၊ ဗုံးချတိုက်ခိုက်တာတွေလုပ်ပြီးမှ စစ်ကြောင်းလိုက်နေတာလို့ ဆိုပါတယ်။

အဆိုပါ စစ်ကြောင်းဟာ နေ့စဥ်နီးပါး PDF တွေရှိမယ်ထင်တဲ့ကျေးရွာတွေကို ဒရုန်းတွေနဲ့ ကင်းထောက်ပြီး ဒရုန်းဗုံးကြဲတိုက်ခိုက်တာတွေလည်း လုပ်ဆောင်နေတယ်လို့ ကိုစွန်ရဲကပြောပါတယ်။ 

လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၃၀၀ ခန့်နဲ့ ဆွာမြို့၊ စစ်တောင်း အရှေ့ဘက်ကမ်း ကျေးရွာတွေဖြစ်တဲ့ ကြိတ်ပတီး၊ ဂွေးတောက်ကုန်း၊ ပိတောက်ကုန်း၊  ခင်တန်း၊ ဆွာရွာမဝန်းကျင်မှာ စစ်ရေးလှုပ်ရှားနေတယ်လို့ ဆိုပါတယ်။ 

ဧပြီ ၁၇ ရက်ကနေ ၂၁ ရက်အကြား ရေတာရှည်မြို့နယ်၊ မြောင်းတူ၊ ကြိတ်ပတီး၊ ခင်တန်စ၊ ဆွာရွာမအနီးဝန်းကျင်တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅၀ ခန့်သေဆုံးထားသလို PDF ပူးပေါင်းအဖွဲ့တွေဘက်ကလည်း ၄ ဦးထက်မနည်းသေဆုံးထားပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံကကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #စစ်ကောင်စီ #ဒရုန်းသုံးတိုက်ခိုက် #PDF #ကျဆုံး #ပဋိပက္ခ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10