သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရှမ်းစုကျေးရွာမှာ စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး ဒေသခံ ၂ ဦးဒဏ်ရာရကာ နေအိမ် ၂ လုံးလည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီလ ၂၁ ရက် ည ၁၀ နာရီလောက်ကနေ ည ၁၁ နာရီအထိ ရေတာရှည်အခြေစိုက် ၆၀၄ ဒုံးတပ်က ၁၂၀ မမ လက်နက်ကြီး ၈ လုံးပစ်ခတ်ရာ ၃ လုံးဟာ ရှမ်းစုကျေးရွာထဲကို ကျရောက် ပေါက်ကွဲခဲ့ပါတယ်။
"အဲ့ညက တိုက်ပွဲမရှိဘဲ စကစဘက်က လက်နက်ကြီးနဲ့ရွာတွေဘက် လိုက်ပစ်ရာကနေ ရွာထဲကျတာ။ အဲ့အချိန် လူတွေကအိပ်နေကြတာလေ။ လက်နက်ကြီးကျလို့ ထပြေးကြရသေးတယ်"လို့ ဒေသခံတဥှီးက ပြောပါတယ်။
စစ်ကောင်စီပစ်တဲ့လက်နက်ကြီးထိလို့ ဦးမောင်ချို အသက် ၅၀ နှစ်ခန့်မှာ ဘယ်ဘက်ခြေထောက်ဖြတ်ရပြီး မောင်မျိုးမင်းဦး ၃၀ နှစ်မှာတော့ ခြေသလုံးနဲ့ပေါင်မှာ အစမှန်ဒဏ်ရာတွေရသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးသွားသလို ဆိုင်ကယ် ၂ စီးလည်း ကျည်စမှန် ပျက်စီးမှုအချို့ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်က ရေတာရှည်မြို့နယ်၊ သစ်ချဆိပ်ကျေးရွာမှာ စစ်ကောင်စီတပ်တွေပစ်တဲ့ လက်နက်ကြီးထိလို့ အသက် ၄၀ နှစ်အရွယ် အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ရေတာရှည် #စစ်ကောင်စီ #လက်နက်ကြီးထိ #ဒဏ်ရာရ #ထိခိုက် #သေဆုံး #သတင်း #မြေလတ်သတင်း
Share Share Share