စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ၉ နှစ်အရွယ်ကလေးငယ်အပါအဝင် သားအဖနှစ်ဦးသေဆုံး

စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ၉ နှစ်အရွယ်ကလေးငယ်အပါအဝင် သားအဖနှစ်ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့ ၂၅၈ တပ်ရင်းက ပစ်လိုက်တဲ့ လက်နက်ကြီးထိမှန်ခဲ့တာကြောင့် ၉ နှစ်အရွယ်ကလေးငယ်အပါအဝင် သားအဖနှစ်ဦးသေဆုံးခဲ့ပြီး၊ မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင်အမျိုးသမီးလည်း ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

မတ်လ ၂၆ ရက်မနေ့က ည ၁၁ နာရီလောက်မှာ စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ရေစကြိုမြို့နယ်၊ ညောင်တောကျေးရွာအုပ်စု၊ ကူတုတ်ကျေးရွာက နေအိမ်တလုံးပေါ်ကျရောက်ခဲ့ပြီး၊ အဲ့ဒီအိမ်က အသက် ၅၀ အရွယ် ဦးမန်းကျော်နဲ့  ၉ နှစ်အရွယ် မောင်ဖိုးသင်္ကြန်တို့ သားအဖ ၂ ဦ:စလုံး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။ 

"၂၅၈ တပ်က မနေ့ညကလက်နက်ကြီးနဲ့ရမ်းသမ်းပစ်တာ၊ ကူတုပ်ရွာကအိမ်ပေါ်ကို လက်နက်ကြီးကျည်ကျပြီး ကိုမန်းကျော် အသက် ၅၀ ဖိုးသင်္ကြန် ၉ နှစ် သားအဖ ၂ ယောက်စလုံးပွဲချင်းသေတယ်။ မိန်းမ မညိုက ကိုယ်ဝန် ၄ လနဲ့ စိုးရိမ်ဒဏ်ရာရပြီး ရေစကြိုဆေးရုံမှာတင်ထားရတယ်။ ည ၁၁ နာရီဝန်းကျင်က လှမ်းပစ်တာ" လို့ သူကပြောပါတယ်။ 

လက်နက်ကြီးနဲ့ ၃ ချက်ပစ်ခတ်ခဲ့ပြီး၊ ခုလိုပစ်ခတ်တာဟာ တိုက်ပွဲဖြစ်တာမဟုတ်ပဲ PDF တွေ ရှိတယ်အထင်နဲ့ ရေစကြိုမြို့အခြေက ကျေးရွာတွေကို ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။ 

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ - AAPP ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်ထိ စစ်တပ်ရဲ့လက်ချက်နဲ့ သေဆုံးသူ စုစုပေါင်း ၁၇၀၇ ဦးရှိပြီလို့ ဆိုထားပေမယ့် လက်ရှိမြေပြင်မှာတော့ ဒီထက်ပိုပြီးများနိုင်ပါတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10