စစ်တပ်က ဆင်ဖြူကျွန်းမြို့နားက ရွာမှာတပ်စွဲပြီး လက်နက်ကြီးနဲ့ နေ့ရောညပါပစ်ခတ်နေလို့ ဒေသခံတွေတိမ်းရှောင်နေရ

စစ်တပ်က ဆင်ဖြူကျွန်းမြို့နားက ရွာမှာတပ်စွဲပြီး လက်နက်ကြီးနဲ့ နေ့ရောညပါပစ်ခတ်နေလို့ ဒေသခံတွေတိမ်းရှောင်နေရ

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သရက်ချဥ်ကျေးရွာမှာ စစ်တပ်ကအထိုင်ချတပ်စွဲပြီး အနီးနားရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။

အောက်တိုဘာ ၂၇ ရက်က စတင်ကာ မကွေးမြို့ တပ်မ ၈၈ က တပ်သားတွေ အင်အား ၈၀ လောက်နဲ့ သရက်ချဥ်ကျေးရွာမှာ အထိုင်ချတပ်စွဲကာ နေရာညပါ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ သရက်ချဥ်ရွာခံတဦးက ပြောပါတယ်။

"ဘယ်အချိန် တိုက်ပွဲဖြစ်မယ်မှန်းမသိလို့ ရွာက လူတွေကတော့ ရှောင်နေကြရတယ်။ တချို့အိမ်တွေတော့ အိမ်စောင့်တော့ ကျန်တာပေါ့။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေတော့မရှိတော့ဘူး။" လို့ သရက်ချဥ်ရွာခံတဦးက ပြောပါတယ်။

စလင်းချောင်းတဖက်ကမ်းက ရွာတွေမှာ PDF တွေရှိမယ်အထင်နဲ့ အဲ့ဒီဘက်ခြမ်းက ရွာတွေကို သရက်ချဥ်ရွာမှာ အထိုင်ချပြီး နေ့ရာ ညပါ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေခဲ့တာလို့ ဆိုပါတယ်။

"၂၆ ရက် ညကဆိုရင် မနက် ၃ နာရီအထိ တအုန်းအုန်းပစ်နေတာ၊ မြေကြီးတောင်တုန်တယ်။ စလင်းချောက်တဖက်ကမ်းက ရွာတွေကို လှမ်းပစ်တာ။" လို့ ဆင်ဖြူကျွန်းမြို့ခံတဦးက ပြောပါတယ်။

အောက်တိုဘာ ၂၆ ရက်ညပိုင်း ပစ်ခတ်တဲ့လက်နက်ကြီးကျည်က ကညှပ်ကျေးရွာကိုကျပြီး အသက် ၆၀ ကျော် အမျိုးသမီး ၁ ဦး လန့်ပြီး သေဆုံးသွားတယ်လို့ ကညှပ်ဒေသခံတဦးဆီက သိရပါတယ်။

စစ်တပ်က သရက်ချဥ်ကျေးရွာမှာ အထိုင်ချပြီး လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတာကြောင့် သရက်ချဉ်ကျေးရွာက အိမ်ခြေ ၈၅ အိမ်၊ အိမ်ထောင်စု ၉၀ စု၊ လူဦးရေ ၄၁၅ ဦးရှိတဲ့အထဲက ၃၀၀ ကျော်တိမ်းရှောင်နေရတဲ့အပြင် ဆင်ဖြူကျွန်းမြို့အနီးက ကျီးသိုက်ရွာ၊ ကညှပ်ရွာ၊ ကျောင်းကုန်းရွာတွေက ပြည်သူတချို့ဆင်ဖြူကျွန်းမြို့ပေါ် ရှောင်နေကြရပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မကွေး #စလင်း #ဆင်ဖြူကျွန်း #သရက်ချဉ်ရွာ #လက်နက်ကြီးပစ်ခတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10