စစ်တပ်က မီးရှို့တဲ့အထဲ PDF ရဲမေရဲ့ အိမ် ၂ လုံးပါ မီးလောင်ဆုံးရှုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းက သပြေတောရွာ၊ အုန်းပင်စိပ်ရွာနဲ့ နတ်လပို့ကျေးရွာ ၃ ရွာက နေအိမ်တွေကို မုံရွာ နမခ စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်းခွဲပြီး ဖေဖော်ဝါရီလ ၁၀ ရက်က ဝင်ရောက် မီးရှို့သွားတယ်လို့ ၅/99 PDF အဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ်တွေထဲမှာ ၅/99 PDF က ရဲမေတဦးရဲ့ အိမ် ၂ လုံးလည်း မီးထဲပါသွားခဲ့ပါတယ်။ အခုလို အိမ်တွေ မီးထဲပါသွားပေမယ့် စိတ်ဓာတ်ကျနေမှာ မဟုတ်သလို စစ်ကောင်စီက ဘယ်လောက်ပဲ ဖိအားတွေပေးပေး အဆုံးထိ တိုက်ခိုက်သွားမယ်လို့ ၅/99 PDF ရဲမေက ဆိုပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက သပြေတောရွာက နေအိမ် ၂၅ လုံး ၊ အုန်းပင်စိပ်ရွာ နေအိမ် ၃၀ ကျော်နဲ့ နတ်လဘို့ရွာ ရွာအလယ်ပိုင်း ရွာအနောက်ဘက်နဲ့ မြစ်ကမ်းတလျှောက် မီးရှို့ခဲ့ပြီး အိမ်ခြေ ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

 

သတင်း - ဒိန်းဂျား၊ တည်းဖြတ် - ခင်

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10