စစ်တပ်ဂိတ်မှာတာဝန်ကျတဲ့ ပျူစောထီး လက်နက်ခိုးပြီး အလင်းဝင်လာ

စစ်တပ်ဂိတ်မှာတာဝန်ကျတဲ့ ပျူစောထီး လက်နက်ခိုးပြီး အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြို့သစ်စက်မှုဇုန်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ ပျူစောထီး ၁ ဦး စစ်ကောင်စီတပ်သားတွေကိုင်ဆောင်တဲ့ သေနတ် ၁ လက်ကိုခိုးယူပြီး အလင်းဝင်လာခဲ့တယ်လို့ Southern YSO PDF တာဝန်ခံဆီက သိရပါတယ်။

ဇူလိုင် ၂၉ ရက် နေ့လယ်ပိုင်းမှာ ပျူစောထီးအဖွဲ့ဝင် အသက် ၂၄ အရွယ် ကိုရဲနီဟာ MA 3 ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည်တောင့် ၂၀ နဲ့အတူ အလင်းဝင်လာတာလို့ ဆိုပါတယ်။

"သူကိုင်တဲ့သေနတ် G 3 ကို စကစဘက်က သိမ်းထားလို့ စကစ လက်နက်ယူပြီး လာပူးပေါင်းတာ။ သူက ပျူထဲဝင်ထားတာ နှစ်နှစ်လောက်ရှိနေပြီ။ သူကမလုပ်ချင်တော့လို့ ထွက်ချင်နေတာ။ စကစက ပျူဆက်မလုပ်ရင် စစ်တပ်ထဲဝင်ရမယ်လို့ ခြိမ်းခြောက်လာလို့ လက်နက်ယူပြီး ကျနော်တို့ဘက်ကို ဝင်လာတာ"လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။

လက်နက်နဲ့အတူလာရောက်ခိုလှုံတဲ့ ပျုစောထီးကိုတော့ ငွေကျပ် သိန်း ၃၀ ချီးမြှင့်ပေးခဲ့ပြီး မိသားစုဝင်တွေနဲ့အတူ စိတ်ချရတဲ့နေရာတခုကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ပခုက္ကူအခြေစိုက် ခလရ ၂၅၂ တပ်က စစ်ကောင်စီတပ်သား ၂ ဦး သေနတ်၁ လက်၊ ကျည်တွေနဲ့အတူ Southern YSO PDF ဆီ အလင်းဝင်လာခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #အလင်းဝင် #လက်နက် #ပျူစောထီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10