စစ်တပ်ပစ်တဲ့ လက်နက်ကြီးကျည် နေအိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ သားအမိ ၂ ဦးဒဏ်ရာရ

စစ်တပ်ပစ်တဲ့ လက်နက်ကြီးကျည် နေအိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ သားအမိ ၂ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ် အမှတ် ၁ ထင်းတန်းရပ်ကွက်မှာ စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး သားအမိ ၂ ဥိးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စက်တင်ဘာ ၁၅ ရက်ည ၈ နာရီလောက်မှာ ရေစကြိုမြို့လယ်ခေါင်၊ ရုံးပေါင်းစုံဝန်းရှိ ထွေအုပ်ရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်ကြီးနဲ့ပစ်ခတ်ရာ ထင်းတန်းရပ်ကွက်ထဲက နေအိမ် ၁ လုံးပေါ် ကျပြီး အသက် ၅၀ အရွယ်အမျိုးသမီးတဦးနဲ့ အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူတို့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။ 

“(ချင်းတွင်းမြစ်ထဲမှာ) တံငါစက်လှေတွေလာတာကို PDF လာတာထင်ပြီးပစ်တာ၊ အိမ်ထဲမှာရှိတဲ့ မိခင်ဖြစ်သူနဲ့ သမီးဒဏ်ရာရတယ်၊ အိမ်ခေါင်မိုးလည်းပွင့်သွားတယ်၊ မိခင်ကတော့ မျက်လုံးမျက်ဆံ ဒဏ်ရာရပြီး ကလေးကတော့ ဒဏ်ရာရပေမဲ့ စိုးရိမ်ရတဲ့အနေအထား မရှိပါဘူး။” လို့ ရေစကြိုမြို့ခံတဦးက ပြောပါတယ်။ 

ချင်းတွင်းမြစ်နဲ့ ထင်းတန်းရပ်ကွက်ဟာ ကပ်လျက်တည်ရှိပြီး ရုံးပေါင်းစုံနဲ့ကတော့ ၁ ဖာလုံလောက်ကွာဝေးတယ်လို့ ဆိုပါတယ်။ 

ရုံးပေါင်းစုံဝန်းထဲမှာ ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ ကစစ်သားတွေနဲ့ ပျူစောထီး အင်အား ၂၀ ဝန်းကျင်ရှိပြီး ရုံးထဲမှာ ၁၂၀ မမ လို့ ယူဆရတဲ့ လက်နက်ကြီးတခုဆင်ထားတယ်လို့ သိရပြီး အနီးဝန်းကျင်တွေကို မကြာခဏပစ်ခတ် နေတာလို့ အထက်ပါမြို့ခံက ဆက်ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်ကလည်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရေစကြိုမြို့နယ်၊ ပေါက်အူကျေးရွာက အသက် ၂ နှစ်အရွယ်မိန်းကလေးတဦး ထိမှန်သေဆုံးခဲ့ပါသေးတယ်။ 

ပုံစာ - စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ရာ ရေစကြိုမြို့၊ အမှတ် ၁ ထင်းတန်းရပ်ကွက်က နေအိမ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေကြို #စစ်ကောင်စီ #လက်နက်ကြီးပစ် #ထိခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10