စစ်တပ်မီးရှို့ခဲ့တဲ့ကျေးရွာက အိမ်ထောင်စု ၆၀ ကျော်ကို ငွေထောက်ပံ့

စစ်တပ်မီးရှို့ခဲ့တဲ့ကျေးရွာက အိမ်ထောင်စု ၆၀ ကျော်ကို ငွေထောက်ပံ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သားတွေမီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတရွာက အိမ်ထောင်စု ၆၁ စုကို ငွေထောက်ပံ့ပေးခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

အိမ်ထောင်စုတစုကို ငွေကျပ် ၅ သောင်းစီနဲ့ စက်တင်ဘာလ ၇ ရက်မှာ ပခုက္ကူမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ လူသားစာနာတာဝန်ခံက သွားရောက်ထောက်ပံ့ခဲ့တာလို့ ပခုက္ကူမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှရုံးအဖွဲ့မှူး မစုက ပြောပါတယ်။ 

ထောက်ပံ့ခဲ့တဲ့ကျေးရွာဟာ မြို့နယ်ပအဖရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီး ပြီးခဲ့တဲ့မေလမှာ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်တွေပျက်စီးခဲ့ရတာလို့ ဆိုပါတယ်။ 

ပခုက္ကူမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဟာ အလှူရှင်တွေထည့်ဝင်တဲ့ငွေနဲ့အတူ NUG အစိုးရ လက်အောက်ခံလူသားစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာန ကထောက်ပံ့ငွေနဲ့ ဒေသခံတွေကိုကူညီထောက်ပံ့ပေးနေတာလို့လည်း သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ငွေထောက်ပံ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10