သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မြင်းခြံခရိုင်တပ်ရင်း ၉ Myingyan Black Tiger (MBT) ရဲ့ နောက်ထပ်သင်တန်းသားအသစ်တွေပါတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၁၄ ကို သင်တန်းဆင်းပေးခဲ့ပါတယ်။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ သင်တန်းသား ၃၃ ဦးပါဝင်တဲ့ စစ်သင်တန်းကို ၁ လအကြာ သင်တန်းပေးခဲ့ပြီး အောက်တိုဘာ ၂၈ ရက် မနက် ၈ နာရီခွဲမှာ သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
သင်တန်းကာလအတွင်း အခြေခံစစ်ပညာ၊ လူမှုပေါင်းသင်းဆက်ဆံရေး၊ စစ်ကျင့်ဝတ်တွေကို အဓိကထားပြီး ကွန်မန်ဒိုရဲဘော်တွေက သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းသားတွေကတော့ မြင်းခြံဘက်ကဖြစ်ပါတယ်။
သင်တန်းဆင်းပွဲနေ့မှာတော့ သင်တန်းသား ၃၃ ဦးထဲက ၆ ဦးကိုပဲ လက်နက်တပ်ဆင်ပေးနိုင်ပြီး ရှေ့တန်းစစ်မျက်နှာပြင်ကို အောက်တိုဘာ ၂၉ ရက် မနေ့က အကူစပို့တယ်လို့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
မြင်းခြံခရိုင်တပ်ရင်း ၉ Myingyan Black Tiger (MBT) အဖွဲ့ဟာ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ အခြေစိုက်ပြီး မကွေး၊ စစ်ကိုင်းနဲ့ မြင်းခြံမြို့နယ်တဝိုက်မှာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့တွေထဲက အားကောင်းတဲ့ အဖွဲ့ ၁ ခုဖြစ်ပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ရေစကြို #MBT #စစ်သင်တန်း #အပတ်စဥ်၁၄ #သင်တန်းဆင်း
Share Share Share