စစ်တောင်းမြစ်ထဲကိုခုန်ချခဲ့တဲ့ တက္ကသိုလ်ကျောင်းသားရဲ့အလောင်းကို ၃ ရက်ကြာမှ ပြန်တွေ့

စစ်တောင်းမြစ်ထဲကိုခုန်ချခဲ့တဲ့ တက္ကသိုလ်ကျောင်းသားရဲ့အလောင်းကို ၃ ရက်ကြာမှ ပြန်တွေ့

ပဲခူးတိုင်း၊ တောင်ငူမြို့အရှေ့ဘက် စစ်တောင်းတံတားပေါ်ကနေ စစ်တောင်းမြစ်ထဲကို ခုန်ချခဲ့တဲ့ တက္ကသိုလ်ကျောင်းသား ကိုရှိုင်းထက်အောင်ရဲ့အလောင်းကို ၃ ရက်အကြာမှာ ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၂၈ ရက် မနေ့ကမနက် ၁၀ နာရီခန့်မှာ အဆိုပါကျောင်းသားရဲ့အလောင်းကို စစ်တောင်းတံတားနဲ့ ၃ မိုင်အကွာ ပဲကြီးခုံ ရေကာတာအနီးမှာ ပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။

"စ ခုန်ချတဲ့နေ့ကတည်းက လိုက်ရှာနေကြတာ နေ့တိုင်းပဲ။ ရေစီးကလည်း ရှိနေတော့ ဖြစ်နိုင်လောက်တဲ့ နေရာမှာလိုက်ရှာကြတာ။ နောက်ဆုံးတော့ ရေကာတာနားမှာ ပေါ်နေတာတွေ့ခဲ့ရတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေကဆယ်ယူပြီး တောင်ငူဆေးရုံကို ယူဆောင်သွားကာ ဇွန် ၂၉ ရက် ဒီနေ့မှာ နာရေးပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ 

ကေတုမတီမြို့သစ်မှာနေထိုင်တဲ့ တောင်ငူကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား အသက် ၂၄ နှစ်အရွယ် ကိုရှိုင်းထက်အောင်ဟာ ဇွန် ၂၆ ရက် ညနေ ၄ နာရီကျော်ခန့်မှာ စစ်တောင်းတံတားပေါ်ကနေ စစ်တောင်းမြစ်အတွင်းကို ခုန်ချခဲ့တာဖြစ်ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #တက္ကသိုလ်ကျောင်းသား #စစ်တောင်းမြစ် #ခုန်ချ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10