သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အပိုင်၊ စစ်တောင်းမြစ်အတွင်းမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ရေဇင်ကျေးရွာနဲ့ ဒိုးတန်းကျေးရွာကြား ရေပိုင်နက်ထဲမှာ တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ရေတာရှည်မြို့နယ်ပကဖဆီက သိရပါတယ်။
ဇူလိုင် ၃၀ ရက် မနေ့မနက် ၁ နာရီ မထိုးခင်အချိန်မှာ ခလရ ၁၉ မှ စစ်သားအင်အား ၆ ဦးက မြစ်အတွင်း ကင်းလှည့်နေစဥ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"သူတို့ထွက်လာတာကို သတင်းရလို့ စောင့်ပစ်တဲ့သဘောပါ။ ငါးဖမ်းလှေတွေနဲ့ တံငါသည်အသွင်ယူ သတင်းထောက်လှမ်းဖို့လာတဲ့ အဖွဲ့လို့ သိရတယ်။ သူတို့ကို ပစ်တော့ ပြန်ပစ်တာရှိတယ်။ အဲ့တော့ ကျနော်တို့ဘက်က အဖွဲ့တွေကလည်း အသားကုန်ပစ်တော့တာ"လို့ ရေတာရှည် ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
ရေတာရှည်မြို့နယ်ထဲမှာ ည ၆ နာရီနောက်ပိုင်း စစ်တောင်းမြစ်အတွင်း ငါးဖမ်းသွားလာတာတွေ မလုပ်ဖို့ ဒေသခံတွေကိုအသိပေးထားတာကြောင့် ဒေသခံတွေကတော့ ညဘက်သွားလာတာ မရှိဘူးလို့ ဆိုပါတယ်။
တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၃ ဦး ကျည်ထိမှန်ပြီး ရေထဲပြုတ်ကျ သေဆုံးကာ ကျန်သူတွေကတော့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး မြေလတ်အသံက အတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် မနေ့ မနက် ၉ နာရီလောက်မှာတော့ သာဂရဘက်ကနေ အင်အား ၈၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်း ငှက်ပျောတောတံတားကနေ ဒိုးတန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာခဲ့ကာ KNLA ပူးပေါင်းတပ်တွေနဲ့တော့ တိုက်ပွဲဖြစ်တာ မရှိခဲ့ဘူးလို့ဆိုပါတယ်။
ဇူလိုင် ၁၀ ရက် မနက်ပိုင်းမှာလည်း ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ကျေးရွာရှိ စစ်တောင်း မြစ်ကူးတံတားပေါ်မှာရှိနေတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ စနိုက်ပါနဲ့ပစ်ခံရပြီး ၃ ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
ပုံစာ - စစ်တွင်းမြစ်အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ရေတာရှည် #စစ်ကောင်စီ #တိုက်ခိုက် #သေဆုံးမှုရှိ #သတင်း #ပကဖ
Share Share Share