စစ်တောင်းမြစ်အတွင်း ရေနစ်ပျောက်ဆုံးနေတဲ့ အမျိုးသား ၁ ဦးအလောင်းပြန်တွေ့

စစ်တောင်းမြစ်အတွင်း ရေနစ်ပျောက်ဆုံးနေတဲ့ အမျိုးသား ၁ ဦးအလောင်းပြန်တွေ့

ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အပိုင် စစ်တောင်းမြစ်ထဲမှာ ရေနစ်သေဆုံးခဲ့တဲ့ အမျိုးသား ၁ ဦးရဲ့အလောင်းကို ဧပြီလ ၂၃ ရက် ဒီမနက်ပိုင်းမှာပြန်တွေ့ခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ S.T.T RESCUE - တောင်ငူ ဆီက သိရပါတယ်။

တောင်ငူမြို့၊ မင်းကြီးညိုရပ်ကွက်က အသက် ၁၈နှစ် အရွယ် မောင်ကောင်းဆက်ဟာ ဒေသအခေါ် ‘အလယ်ကျွန်း’ မြစ်ဆိပ်နေရာမှာ ဧပြီလ ၂၁ ရက် ညနေ ၆ နာရီလောက်က ရေနစ်ပျောက်ဆုံးခဲ့ပြီး ဒီမနက် ၇ နာရီလောက်မှာ အလောင်းကိုပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။

"ဒီနေ့မနက်ပိုင်း အလောင်းကိုပြန်တွေ့တယ်။ သူရေနစ်တဲ့အနားကပဲပြန်တွေ့တယ်။ ဘယ်လိုကြောင့် ရေနစ်တယ်ဆိုတာတော့ မသိရသေးပါဘူး" လို့  S.T.T RESCUE အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

စတင်ရေနစ်ပျောက်ဆုံးတဲ့အချိန်ကတည်းက ရှာဖွေမှုတွေလုပ်ခဲ့ပေမယ့် မတွေ့ရှိဘဲ ဒီမနက်ပိုင်းမှ အလယ်ကျွန်းတဝိုက်မှာတွေ့ခဲ့ကာ အလောင်းကိုတော့ တောင်ငူပြည်သူ့ဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကလည်း ပဲခူးအရှေ့ခြမ်း၊ ထန်းတပင်မြို့နယ်အပိုင် စစ်တောင်းမြစ်ထဲမှာ အမျိုးသား ၂ ဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #စစ်တောင်းမြစ် #ရေနစ်သေဆုံး #ကူညီကယ်ဆယ် #ပရဟိတအဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10