စစ်မတိုက်ဖူးဘဲ ကရင်နီကတပ်မအပျက်ကြီးကို ကွပ်ကဲဦးမယ့် တပ်မမှူး (ရုပ်သံဆောင်းပါး)

ကရင်ပြည်နယ်၊ ဘားအံမြို့အခြေစိုက် အမှတ် ၂၂ ခြေလျင်တပ်မဌာနချုပ်ရဲ့ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ကျော်စိုးလင်းကို ဗိုလ်မှူးချုပ်အဆင့်တိုးမြှင့်ပေးပြီး ကရင်နီမှာ တိုက်ခိုက်ရေးဝင်ရောက်နေတဲ့ အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ် တပ်မမှူးအသစ်အဖြစ် ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းမှာ ခန့်အပ်ခဲ့ပါတယ်။

ကရင်နီပြည်နယ်အတွင်း အရေးနိမ့်နေတဲ့ တပ်မ ၆၆ ရဲ့ ယခင်တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်းဟာ အရံအင်အားကို ပို့ဆောင်ခံလိုက်ရပြီး ၎င်းရဲ့နေရာမှာ တပ်မမှူးအသစ်အဖြစ် ဗိုလ်မှူးကြီး ကျော်စိုးလင်း ကို ခန့်အပ်ကာ စစ်ဆင်ရေးတွေကိုကွပ်ကဲဖို့ နေပြည်တော်က စစ်ခေါင်းဆောင်တွေက ရွေးချယ် စေလွှတ်လိုက်တာပါ။

အသက် ၄၆ နှစ်ဝန်းကျင်ရှိ တပ်မမှူးအသစ် ဗိုလ်မှူးကြီး ကျော်စိုးလင်းဟာ ၎င်းရဲ့ အရာရှိသက်တမ်း ၂၅ နှစ်နီးပါးမှာ စစ်တိုက်ဖူးတဲ့ကာလအပိုင်းအခြားဆိုလို့ မရှိသလောက်ပဲလို့ သူ့အကြောင်းသိရှိထားသူ တပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။

#မြေလတ်အသံ

#ရုပ်သံဆောင်းပါး #တပ်မ၆၆ #တပ်မ၂၂ #တပ်မမှူး #ဗိုလ်မှူးချုပ်ကျော်စိုးလင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10