သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်းမှာ Yaw Revolution Army - ထီးလင်း၊ အပတ်စဥ် ၇ အခြေခံစစ်သင်တန်းဆင်းပွဲကို ဇူလိုင် ၁၀ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။
ဒီသင်တန်းမှာ စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြေညာပြီးနောက်ပိုင်း စစ်မှုမထမ်းချင်လို့ ဒေသကိုပြန်လာတဲ့လူငယ်တွေနဲ့ ကာကွယ်ရေးအဖွဲ့ထဲကို မဝင်ရသေးတဲ့ လူငယ်တွေပါဝင်ကြတယ်လို့ ဆိုပါတယ်။
အပတ်စဉ် ၇ အခြေခံစစ်သင်တန်းကို ရက်ပေါင်း ၄၅ ရက်ကြာ သင်ကြားပေးခဲ့ပြီး သင်တန်းသား ၄၅ ဦးထဲမှာ အမျိုးသမီး ၇ ဦးပါဝင်တယ်လို့ သိရပါတယ်။
"သင်တန်းကို ၄၅ ရက်ပေးခဲ့တာပါ။ စစ်ကောင်စီက စစ်မှုထမ်းဖို့ ဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း စစ်မှုထမ်းဖို့ဟာကို ရှောင်ရှားလာပြီး ဒေသကိုပြန်လာတဲ့လူငယ်တွေနဲ့ ကာကွယ်ရေးအဖွဲ့ထဲကိုမဝင်ရသေးတဲ့ လူငယ်တွေကျနော်တို့ PDF ထဲကိုဝင်လာတဲ့ သူတွေများပါတယ်" လို့ Yaw Revolution Army - ထီးလင်း ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။
သင်တန်းကာလအတွင်းမှာ ရဲဘော်တဦးအနေနဲ့ တတ်ထားရမယ့် အခြေခံစစ်ပညာတွေနဲ့ စစ်ရေးပြတာတွေကို သင်ကြားပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သင်တန်းဆင်းပွဲကို တပ်ဖွဲ့တာဝန်ရှိသူတွေ၊ သင်တန်းနည်းပြတွေ၊ သင်တန်းသားတွေ၊ တပ်ရင်း ရဲဘော်တွေနဲ့ ပကဖ၊ ပအဖ တာဝန်ရှိသူတချို့တက်ရောက်ခဲ့ပြီး ထူးချွန်သင်တန်းသားတွေကိုလည်း ဆုချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ထီးလင်း #YRA #PDF #အပတ်စဉ်၇ #အခြေခံစစ်သင်တန်းဆင်းပွဲ
Share Share Share