စစ်ရေးအရှိန်မြှင့်တင်ဖို့ ကျည်အစစ်တွေသုံးပြီး စစ်ရေးလေ့ကျင့်နေတဲ့ ULF စစ်ကြောင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အခြေစိုက်တဲ့ Union Liberatiom Front - ULF ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လက်ရုံးစစ်ကြောင်းက ရဲဘော်တွေဟာ စခန်းသိမ်းမြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့အတွက် စစ်ရေးလေ့ကျင့်မှုတွေ ပိုမိုပြုလုပ်နေပါတယ်။

စစ်ဆင်ရေးမရှိတဲ့ အချိန်တွေမှာ ULF စစ်ကြောင်းမှူးက ဦးဆောင်ကာ သင်တန်းပေး လေ့ကျင့်နေတာဖြစ်ပြီး ရဲဘော်တွေကို လက်နက်တွေနဲ့ ရင်းနှီးနေစေဖို့ ရည်ရွယ်က ကျည်အစစ်တွေနဲ့ အသုံးပြုလေ့ကျင့်မှုတွေရှိနေတယ်လို့ ULF တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် လေ့ကျင့်မှုအတွင်း ကျည်ဆန်ကုန်ကျစရိတ်ကိုလည်း ULF စစ်ကြောင်း ကပဲအကုန်ကျခံတာဖြစ်ပြီး ရဲဘော်တွေ အတွေ့အကြုံကောင်းရစေဖို့ ရည်ရွယ်ကာ အခုလို ကျည်အစစ်နဲ့ လေ့ကျင့်စေခဲ့တာလို့ ဆက်ပြောပါတယ်။

ULF အနေနဲ့ အညာဒေသတဝိုက် လက်လှမ်းမှီသမျှ ဒေသတွေမှာ စစ်ဆင်ရေးတွေ အရှိန်မြှင့်တင် ဖော်ဆောင်သွားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

ULF စစ်ကြောင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကလည်း ဘုတလင်မြို့နယ်၊ ကူတော်ရွာရဲစခန်းက ထွက်လာတဲ့အင်အား ၉၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံတပ်ရင်းတပ်ဖွဲ့တွေ ပကဖတွေနဲ့ ပူးပေါင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၃၀ ကျော်သေကာ ၄၁ ဦးအရှင်ဖမ်းဆီးရခဲ့ပြီး လက်နက်မျိုးစုံ ၅၂ လက်နဲ့ ခဲယမ်းအများအပြားကို ရရှိခဲ့ပါသေးတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ 

#စစ်ကိုင်း #ယင်းမာပင် #ULF #စစ်ရေးအရှိန်မြှင့် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10