စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ၁၅ ဆောင်မြောက် စာသင်ဆောင် ဆောက်လုပ်ပြီးစီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ စစ်ရှောင်ကလေးတွေအတွက် စာသင်ဆောင်ကို အောက်တိုဘာ ၁၀ ရက်က ဆောက်လုပ်ပြီးစီးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီစာသင်ဆောင်ဟာ မြို့နယ် ၅ မြို့နယ်အတွင်းမှာ နေရာထိုင်ခင်းမပြည့်စုံတဲ့ စစ်ရှောင်ကလေးတွေအတွက် လှူဒါန်းခဲ့တဲ့ ၁၅ ဆောင်မြောက် စာသင်ဆောင်ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီစာသင်ဆောင်ကို အုတ်ဖိနပ်ခံကာ ဟော်လိုသံပိုက်တွေနဲ့ ရေရှည်အသုံးပြုနိုင်အောင်တည်ဆောက်ထားသလို အမိုးအနေနဲ့သွပ်မိုးထားပြီး အလျားပေ ၄၀၊ အနံပေ ၂၀ အကျယ်ရှိတယ်လို့ သိရပါတယ်။

ကျောင်းဆောင်သစ်ဖွင့်ပွဲမှာ ကျောင်သား/ကျောင်းသူတွေကို ဒံပေါက် ကျွေးမွေးခဲ့ပြီး အထက်တန်းကျောင်းသား/ကျောင်းသူတွေအတွက် လိုအပ်နေတဲ့ ဂဏန်းပေါင်းစက် ၁၀ လုံးကိုလည်း ပေးအပ်လှူဒါန်းခဲ့ပြီး စုစုပေါင်း ကျပ်သိန်း ၄၀ ကျော်ကုန်ကျတယ်လို့ ဦးဆောင်သူ မဖူးပွင့်ဝေက ပြောပါတယ်။

အဲ့ဒီကြားကာလပညာသင်ကြားနေတဲ့ကျောင်းမှာ ကျောင်းသား/ကျောင်းသူ ၁၅၀ ကျော်ရှိပြီး K-G တန်းမှ G-12 အထိ ပညာသင်ကြားနေတာ ဖြစ်ပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ ပုလဲနဲ့ ဘုတလင်  စတဲ့ ၅ မြို့နယ်အတွင်းမှာ စာသင်ဆောင်တွေလှူဒါန်းနေတာ ၁၅ ဆောင်မြောက် ရှိနေပြီဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ဆားလင်းကြီး #အညာပစ်တိုင်းထောင်လေးများ #စာသင်ဆောင် #လှူဒါန်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10