စစ်ရှောင်၊ မီးဘေးသင့်နဲ့ CDM တွေကိုရိက္ခာပေးဖို့ S&C အဖွဲ့က မိုးစပါးစိုက်ပျိုး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှာ အများပြည်သူတွေကို စားနပ်ရိက္ခာထောက်ပံ့ပေးနိုင်ဖို့အတွက် မိုးစပါးစိုက်ပျိုးပြီးစီးခဲ့တယ်လို့ S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့ဆီက သိရပါတယ်။

ရက် ၁၀၀ သက်တမ်းရှိ ဧရာမင်းစပါးမျိုးကို မိုးစပါးအဖြစ် ၄ ဧက စိုက်ပျိုးဖို့အတွက် ဧပြီ ၁ ရက်က စတင်ပျိုးထောင်ကာ ဧပြီ ၃၀ ရက်မှာ စိုက်ပျိုးပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။

စိုက်ခင်းမှရရှိလာမယ့် စပါးတွေကို ကြိတ်ခွဲပြီးပါက စစ်ရှောင်၊ မီးဘေးသင့်နဲ့ CDM ဝန် ထမ်းတွေကို ထောက်ပံ့ပေးဖို့ ရည်ရွယ်ပြီးစိုက်ပျိုးခဲ့တာလို့ S&C တာဝန်ခံ ကိုစိုးမိုးအောင် ကပြောပါတယ်။

အခုလို မိုးစပါးစိုက်ပျိုးရာမှာ ဆည်ရေဖြင့်စိုက်ပျိုးတာမျိုး မဟုတ်ဘဲ ရေစက်တွင်းမှတဆင့် အင်ဂျင်စက်ဖြင့် ရေတင်စိုက်ပျိုးရတာဖြစ်လို့ ဆိုပါတယ်။

ဒီပဲယင်းဒေသအတွင်း ယခင်က ကာဘိုးဆည်ရေကို အသုံးပြုပြီး စပါးစိုက်ပျိုးကြပေမယ့်ဆည်ဝန်ထမ်းတွေ CDM ပြုလုပ်သွားတဲ့အတွက် ဆည်ရေမရသဖြင့် ရေစက်ဖြင့် ရေသွင်း စိုက်ပျိုးရတယ်လို့ S&C အဖွဲ့တာဝန်ခံ ကိုစိုးမိုးအောင် ကပြောပါတယ်။

မိုးစပါးစိုက်ပျိုးရာမှာ ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းလုပ်အားနဲ့ စိုက်ပျိုးခဲ့တာဖြစ်ပြီး S&C အဖွဲ့အနေဖြင့် ထွန်ယက်တဲ့စက်သုံးဆီ၊ မျိုးစပါး၊ မြေဆီ၊ ရေတင်ဆီနဲ့ ဓာတ်မြေသြဇာတွေဝယ်ယူရတဲ့ ငွေကြေးသာ ကုန်ကျစရိတ်ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် အညာဒေသက တောင်သူတွေမှာ စစ်ရှောင်နေရတာ၊ နေအိမ်မီးရှို့ခံရတာ၊ စစ်ကြောင်းထိုးနေတာတွေကြောင့် လယ်ယာမြေတွေကို တောရိုင်းပင်များပေါက်တဲ့အထိ စိုက်ပျိုးမလုပ်ကိုင်နိုင်ဘဲ ရှိနေတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ဒီပဲယင်း #S&C #မိုးစပါး#ရိက္ခာပံ့ပိုး #ထောက်ပံ့ကူညီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10