စစ်ရှောင်ရင်း ရေဘေးထပ်သင့်တဲ့ ဆားလင်းကြီးဒေသခံတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေး

စစ်ရှောင်ရင်း ရေဘေးထပ်သင့်တဲ့ ဆားလင်းကြီးဒေသခံတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ဆေးဝါးကုသကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ဆောင်ပေးခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး စစ်ဒေသ ၁ တပ်ခွဲ ၂ တပ်ဖွဲ့ထံက သိရပါတယ်။

ဇူလိုင်လ ၂၉ ရက် ယမန်နေ့က စတင်ကာ ဆားလင်းကြီးနယ်မြောက်ခြမ်းက ရေဘေးသင့် စစ်ဘေးရှောင်စခန်းတွေမှာ ဆေးကုသမှုတွေလုပ်ဆောင်ပေးနေတာဖြစ်ပြီး ဝမ်းရောဂါနဲ့ ဖျားနာရောဂါတွေအဖြစ်များတယ်လို့ ဆိုပါတယ်။

" စစ်ရှောင်နေတဲ့ ပြည်သူတွေ ခုရေဘေးပါထပ်ဖြစ်လို့ ဆေးဝါးကုသပေးနေတာပေါ့။ မနေ့က လူနာ ၁၂၀ လောက်ဆေးကုသဖြစ်ပါတယ် "  လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး စစ်ဒေသ ၁ တပ်ခွဲ ၂ ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဆားလင်းကြီးနယ်အတွင်းက ကျေးရွာ ၃၀ ကျော်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့ခဲ့လို့  အဆိုပါစစ်ရှောင်စခန်းတွေမှာ စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေဟာ လက်ရှိဆားလင်းကြီးနယ်အတွင်း ရေကြီး၊ရေလျှံမှုတွေကြောင့် ရေဘေးပါထပ်သင့်နေတယ်လို့ သူက ဆိုပါတယ်။

“ စစ်ဘေးရှောင်ရင်းရေဘေးသင့်နေကြတဲ့ ပြည်သူတွေရှိရာ စစ်ရှောင်စခန်းတွေကို တစ်ရက်ခြားစီလှည့်ပြီးဆေးကုသမူပေးနေတာပါ။ အဓိကဆေးဝါးစျေးနှုန်းမြင့်တက်တာကြောင့် ဆေးဝါးလိုအပ်ချက်ရှိနေတယ်” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

စာတည်း- ဟိန်းစံ ။

#မြေလတ်အသံ

#ဆားလင်းကြီးနယ် #စစ်ရှောင် #ရေဘေးသင့် #ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး 

#ကျန်းမာရးစောင့်ရှောက်မှု #သဘာဝဘေး #သတင်းတို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10