စစ်ရှောင်အိမ်ထောင်စု ၁၆၀ ကို ကောလင်း ပြည်သူမှပြည်သူသို့ အဖွဲ့က နေကြာဆီ ထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြိုအနောက်ခြမ်း တောတောင်ထဲမှာ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု ၁၆၀ ကို ကောလင်းပြည်သူမှပြည်သူသို့အဖွဲ့က နေကြာဆီတွေ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ 

ဇွန် ၃၀ ရက် မနက်ပိုင်းမှာ ကောလင်းပြည်သူမှပြည်သူသို့ အဖွဲ့ဆီက အိမ်ထောင်စုတစုကို ဆီ ၁ လီတာနှုန်းထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

စစ်ရှောင်အိမ်ထောင်စု ၁၆၀ စုအတွက် အိမ်ထောင်စု ၁ စုကို နေကြာဆီ ၁ လီတာနှုန်းထောက်ပံ့ခဲ့တာဖြစ်ပြီး စုစုပေါင်း ၁၁ သိန်း ၅ သောင်း ကုန်ကျခဲ့တယ်လို့ ဆိုပါ တယ်။

လက်ရှိမှာ နေကြာဆီ ၁ လီတာကို ကျပ် ၇,၀၀၀ ဝန်းကျင်ဈေးပေါက်နေပြီး လီတာ ၂၀ ဆံ့ ပုံးတပုံးကို ကျပ် ၁၄၀,၀၀၀ အထိရှိတယ်လို့ ဆိုပါတယ်။

ကောလင်းမြို့ အနောက်ခြမ်းမှာ စစ်ဘေးရှောင် ၂ သောင်းကျော်ရှိပြီး ကျေးရွာတွေမှာ ရင်းနှီးရာနေထိုင်ကြသလို တောထဲတောင်ထဲမှာ တဲထိုးပြီး စစ်ဘေးရှောင်နေကြတဲ့ ဦးရေဟာ ၈၀,၀၀၀ ဝန်းကျင်ခန့်ရှိနေတာပါ။

တချို့နေရာတွေဟာ ဝေးလံလွန်းပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေရှိနေတာကြောင့် အထောက်အပံ့ တွေမရဘဲ ဒုက္ခရောက်နေကြတဲ့ စစ်ရှောင်တွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

လက်ရှိ အဆိုပါစစ်ဘေးရှောင်တွေမှာ ရေရှားပါးပြီး သောက်သုံးရေ မလုံလောက်တာတွေ၊ ရေတွေက မိုးရွာတော့ နောက်နေတာတွေ၊ ဆေးဝါးပြတ်လပ်တာတွေ၊ ခြင်ထောင်မရှိလို့ ကလေးတွေသွေးလွန်တုပ်ကွေးဖြစ်တာ၊ တောထဲတောင်ထဲမှာ နေထိုင်ရတဲ့အတွက်  အစားအသောက် ထောက်ပံ့တာတွေ မရောက်နိုင်တာတွေရှိ တယ်လို့ ကောလင်း ပြည်သူမှပြည်သူသို့ အဖွဲ့တာဝန်ခံက ပြောပါတယ်။ 

ကောလင်းပြည်သူမှ ပြည်သူအဖွဲ့ကို ၂၀၂၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပြည်သူတွေထံက လက်ခံရရှိတဲ့ ကူညီပံ့ပိုးမှုတွေကို စစ်ရှောင်ပြည်တွေဆီ ပြန်လည်ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ 

စာတည်း - လင်းဇေ၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ကောလင်း #စစ်ရှောင် #အိမ်ထောင်စု #နေကြာဆီထောက်ပံ့ #ပြည်သူမှပြည်သူသို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10