စစ်ရှောင်အိမ်ထောင်စု ၂၀၀ ကို စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ စားနပ်ရိက္ခာထောက်ပံ့

စစ်ရှောင်အိမ်ထောင်စု ၂၀၀ ကို စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ စားနပ်ရိက္ခာထောက်ပံ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နဲ့ ခင်ဦးမြို့နယ်က စစ်ဘေးရှောင် မိသားစု ၂၀၀ အတွက် စားနပ်ရိက္ခာ ကျပ်သိန်း ၁၀၀ ဖိုး ထောက်ပံ့ပေးခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က ဇွန် ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူအဖွဲ့က ကန့်ဘလူမြို့နယ် အောင်ချမ်းသာ၊ ကျောက်တိုင်၊ ကျီစုကျေးရွာတွေက အိမ်ထောင်စု ၁၀၀ အတွက် ၁ အိမ်ထောင်ကို ၅၀,၀၀၀ ကျပ်တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆားပစ္စည်းတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ခင်ဦးမြို့နယ် ကင်းပျစ်၊ ကင်းထောင်ကျေးရွာတွေက အိမ်ထောင်စု ၁၀၀ အတွက်လည်း ၁ အိမ်ထောင်ကို ၅၀,၀၀၀ ကျပ်တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆားပစ္စည်းတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ 

လာရောက်ကူညီပေးသွားတဲ့ အလှူငွေကို ကွန်ရက်အဖွဲ့ဝင်ဖြစ်တဲ့ ကန့်ဘလူအခြေစိုက် " Save Sagaing" အဖွဲ့က တာဝန်ယူပြီး စစ်ရှောင်ပြည်သူတွေဆီကို အရောက်ပို့ဆောင် လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကိုင်းတိုင်းတွင်းက စစ်ရှောင်ပြည်သူတွေအတွက် ထောက်ပံ့ကူညီလိုပါက NUG Pay , Wave Pay, Kpay, SDB (Spring Development Bank)အပြင် ထိုင်းဘဏ်အကောင့်တွေကနေ ပေးပို့လှူဒါန်းနိုင်တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ထံက သိရပါတယ်။ 

ဓာတ်ပုံ - စစ်ရှောင်တွေကို စစ်ကိုင်းပြည်သူဖေးမကူအဖွဲ့က ထမင်းကျွေးနေစဉ်။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့ #ခင်ဦးမြို့ #စစ်ဘေးရှောင် #စားနပ်ရိက္ခာ #စစ်ကိုင်းပြည်သူဖေးမကူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10