စစ်သင်တန်းပေးနေတဲ့ ပျူစောထီးခေါင်းဆောင် သေနတ် ၁၀ ချက်မှန်သေဆုံး

စစ်သင်တန်းပေးနေတဲ့ ပျူစောထီးခေါင်းဆောင် သေနတ် ၁၀ ချက်မှန်သေဆုံး

နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာရှိ၊ ပျူစောထီးခေါင်းဆောင်ဟု အမည်တွင်ကာတိုက်ခိုက်ရေးသင်တန်းပေးလျက်ရှိသော ဒလန်ဇော်ခိုင် နှင့် PDF ၂ ဖွဲ့တို့အပြန်အလှန်ပစ်ခတ်ခဲ့ရာ ဒလန်ဇော်ခိုင် သေနတ် ၁၀ ချက်မှန်၍သေဆုံးခဲ့ကြောင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူမှ မြေလတ်အသံသို့ပြောပါတယ်။

ပစ်ခတ်မှုမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က ဖြစ်ပြီး တံခွန်တိုင်ကျေးရွာမှာပင်ငါးပြေမပြောက်ကျား တပ်ဖွဲ့နှင့် ဗိသာနိုးတပ်ဖွဲ့တို့က ပူးပေါင်းပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

" အပြန်အလှန်ပစ်တာပါ၊ကျနော်တို့ဘက်ကတော့ အရင်ဆုံးဦးအောင် ပစ်တယ်၊ သူ့ဆီမှာလည်းသေနတ်ပါတယ်ဆိုတာ မထင်မိဘူး၊ သူကကျနော်တို့ကိုပြန်ပစ်တော့ အဲဒီမှာပဲ အပြန်အလှန်ပစ်ကြတာပေါ့၊ သူကတစ်ယောက်ထဲပါ၊ ကျနော်တို့ပစ်တာက ကျည်ဗောက် ၂ ဗောက်လုံးကုန်သွားတယ်၊ ကျည်ဆံ ၂၀ လောက်ကုန်သွားတယ်၊သူ့ကိုကျည်မှန်တာကတော့ ၁၀ ချက်မှန်ပါတယ်၊ဆေးရုံမရောက်ခင်မှာ သေသွားတယ်လို့ သိရပါတယ်၊" ဟု ဗိုလ်ငါးခူ ကပြောပါတယ်။

ဒလန်ဇော်ခိုင်မှာ ရွာမှာရှိတဲ့ CDM တွေကိုဖမ်းခိုင်းတာ၊ ရွာကတက်ကြွလူငယ်တွေကိုဖမ်းခိုင်းတာ၊ ရွာထဲမှာဘာမှမဆိုင်တဲ့အမျိုးသမီးတွေကို စစ်ကောင်စီထံသတင်းပေးပြီးဖမ်းခိုင်းတာတို့ ပြုလုပ်နေပြီး ပျူစောထီးသင်တန်းဆင်းပြီး သင်တန်းများပေးနေသူဖြစ်ကြောင်း သိရပါတယ်။

# မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10