စစ်သင်တန်းပေးရင်း ရဲဘော်တွေအချင်းချင်း လက်ဝှေ့ထိုးယှဥ်ပြိုင်လေ့ကျင့် (ရုပ်/သံ)

တောင်ငူခရိုင်နဲ့ နေပြည်တော်ကြား စစ်တောင်းမြစ်အရှေ့ကမ်းပေါ်က ရှေ့တန်းတနေရာမှာရှိနေတဲ့ နေပြည်တော် PDF တပ်ရင်းအမှတ် ၉၀၁ နဲ့ စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ (နေပြည်တော်) စခန်းတနေရာမှာ စစ်ရေးနားချိန် စစ်သင်တန်းပေးရင်း ရဲဘော်တွေအချင်းချင်း လက်ဝှေ့ထိုးယှဥ်ပြိုင်လေ့ကျင့်တာ ပြုလုပ်နေတယ်လို့ နေပြည်တော် PDF တပ်ရင်း ၉၀၁ ဆီက သိရပါတယ်။

နေပြည်တော် PDF တပ်ရင်းအမှတ် ၉၀၁ နဲ့ စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ (နေပြည်တော်) တို့ပူပေါင်းပြီး မွမ်းမံသင်တန်း ၁/၂၀၂၄ ကနေ ၄/၂၀၂၄ ထိ စစ်ဆင်းရေနားချိန်တွေမှာ ပြုလုပ်တာ အခုဆိုရင် ၄ကြိမ်ရှိပြီလို့ နေပြည်တော် PDF တပ်ရင်း ၉၀၁ တပ်ရင်းမှူး ဇင်ယော်က ပြောပါတယ်။

မွမ်းမံသတင်တန်းအစီအစဉ်တခုအဖြစ် လက်ဝှေ့လေ့ကျင့်ရေးအစီအစဥ်ကို သြဂုတ် ၈ ရက်နဲ့ ၉ ရက်မှာ ပြုလုပ်ပေးခဲ့ပြီး ရဲဘော်တွေရဲ့ကျန်မးမာကြံ့ခိုင်ရေးတွေအတွက် ခုလိုလက်ဝှေ့လေ့ကျင့်ရေးတွေ လုပ်တာလို့ ပြောပါတယ်။ ရဲဘော်အသစ်တွေ ဝင်ရောက်လာတိုင်း မွမ်းမံသင်တန်းမျိုးတွေကို လစဉ်လတိုင်းလုပ်ပေးတယ်လို့လည်း သိရပါတယ်။

နေပြည်တော် PDF တပ်ရင်းအမှတ် ၉၀၁ နဲ့ စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ (နေပြည်တော်)တို့ဟာ အခြားမဟာမိတ်တွေနဲ့ ပူးပေါင်းပြီ နေပြည်တော်နဲ့ တောင်ငူနယ်အချို့မှာ စစ်ရေးဖော်ဆောင်တာတွေ လုပ်ဆောင်နေခဲ့တယ်လို့လည်း သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#တောင်ငူ #နေပြည်တော် #စစ်သင်တန်း #လက်ဝှေ့ #PDFတပ်ရင်းအမှတ်၉၀၁ #စစ်တောင်းမြို့ပြပြောက်ကျား 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10