စစ်သင်တန်းပြီးပေမယ့် သေနတ်မရသေးတာကြောင့် တိုက်ပွဲမလိုက်နိုင်ကြတဲ့ YDF ရဲမေများ (အမျိုးသမီးကဏ္ဍ)

နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေကို မခံရပ်နိုင်သည့် အမျိုးသမီးငယ် ၄ ဦးမှ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။

သူတို့ ၄ ဦးသည် ယောဒေသသူတွေဖြစ်ကြပြီး တော်လှန်ရေးအစောပိုင်းမှစ၍ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အခြေစိုက် ယောကာကွယ်ရေးတပ် YDF တပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ကြပြီး စစ်သင်တန်း အပတ်စဉ် ၁၃ အထိ တက်ရောက်အောင်မြင်ခဲ့ကြသည်။

လက်ရှိတွင် YDF တပ်ဖွဲ့တွင်  ရဲဘော်၊ ရဲမေများကို စစ်သင်တန်း အပတ်စဉ် ၁၃ အထိ သင်ကြားပေးခဲ့ပြီး ဖြစ်ပေမယ့် အမျိုးသမီး ရဲမေများအတွက်  လက်နက်မရှိ၍ တိုက်ပွဲမလိုက်နိုင်ကြဘဲ နောက်တန်းမှာသာ ထောက်ပို့အဖြစ် တာဝန်ထမ်းဆောင်နေကြရသည်။

သတင်းနှင့် တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#အမျိုးသမီးကဏ္ဍ #ရဲမေ #ယောကာကွယ်ရေးတပ်YDF #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10