သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြိုနယ်အတွင်း စစ်သင်္ဘောလုံခြုံရေးယူပေးပြီး ပြန်လာတဲ့ စစ်ကြောင်းကို ဇူလိုင် ၂၈ ရက် မနေ့မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး၂ ဦးပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
ပခုက္ကူမြို့နယ်မှ ရေစကြိုနယ်ဘက်ကို ချင်းတွင်းမြစ်အတိုင်းဆန်တက်လာတဲ့ စစ်သင်္ဘော ၅ စီးကို လုံခြုံရေးယူပေးပြီးနောက် ပြန်လာတဲ့ တပ်မ ၁၀၁ က အင်အား ၂၀ ကျော်ပါစစ်ကြောင်းကို ဂွက်ကြီးရွာနဲ့ ဇီးကုန်းရွာကြားအရောက်မှာ ၅ လုံးတွဲမိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"ပခုက္ကူကနေ စစ်သင်္ဘောတက်လာတာကို ကာတဲ့အဖွဲ့ပေါ့ဗျာ။ ဆင်ချောင်းကနေတဆင့် ကမ်းပါးဘေးကို သွားကာကြတာ။ ကျနော်တို့က သူတို့အပြန်ကိုစောင့်ပြီးတော့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်** ၂ ကောင်ဒဏ်ရာရတာ ပြင်းထန်တယ်" လို့ ရေစကြိုပကဖ သတင်းတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ပြီးမှာ စစ်တပ်ဘက်က သေနတ်နဲ့ခြောက်လှန့်ပစ်ခတ်ခဲ့ပြီး၊ ဒဏ်ရာရတဲ့ စစ်သား၂ ယောက်ကိုထမ်းပိုးခေါ်ကာ ရေစကြိုမြို့နဲ့ ၁၅ မိုင်ခန့်ဝေးတဲ့ ဆင်ချောင်းရွာကို သယ်ဆောင်သွားတယ်လို့သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။
ဇူလိုင် ၂၆ ရက်ကလည်း ရေစကြိုမြိုနယ်၊ ချင်းယာကုန်းနဲ့ ထန်းတိုရွာအကြားမှာ ရိက္ခာပို့ပြီးပြန်လာတဲ့ တပ်မ ၁၀၁ ကစစ်သားတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
ပုံစာ - မိုင်းဆွဲခံရသည့် စစ်ကြောင်းလုံခြုံရေးယူပေးခဲ့တဲ့ စစ်သင်္ဘောယာဉ်တန်းအား တွေ့ရစဉ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#သတင်း #မကွေး #ရေစကြို #စစ်သင်္ဘော #လုံခြုံရေး #မိုင်းဆွဲတိုက်ခိုက် #စစ်ကောင်စီတပ်
Share Share Share