စစ်သားနဲ့ပျူတွေကို PDF က တနေ့တည်း ၄ ကြိမ်တိုက်ခိုက်ရာ ၁ ဦးသေဆုံးဟုဆို

စစ်သားနဲ့ပျူတွေကို PDF က တနေ့တည်း ၄ ကြိမ်တိုက်ခိုက်ရာ ၁ ဦးသေဆုံးဟုဆို

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်သားနဲ့ ပျူစောထီးတွေကို မတ်လ ၂ ရက် ဒီကနေ့ ၁ ရက်တည်းမှာတင် မိုင်း ၄ ကြိမ်ဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်အဖွဲ့ဆီက သိရပါတယ်။

 

ဒီမနက် ၇ နာရီခန့်ကနေ နေ့လည် ၁၁ နာရီအတွင်း တွင်းမ၊ ကိုင်းတောမ၊ သရက်ကန်နဲ့ ကမ္မ စတဲ့ကျေးရွာတွေအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဒီနေ့မနက် ၇ နာရီဝန်းကျင်မှာ ကင်းပုန်းထွက်လာတဲ့ တွင်းမပျူစောထီးအဖွဲ့ကို တွင်းမရွာထိပ်မှာတကြိမ်၊ မိုင်းဆွဲခဲ့ပြီး စက်မှု ၂ ကနေ ကား ၅ စီးနဲ့ မနက် ၉ နာရီလောက်က ထွက်လာတဲ့ကားကို စက်မှု ၂ နဲ့ ကိုင်းတောမကြားမှာ တကြိမ်၊ ကိုင်းတောမကနေ ၁၀ နာရီ ၁၅ မိနစ်မှာ ထပ်ထွက်လာတာကို ကိုင်းတောမနဲ့ သရက်ကန်ရွာကြားမှာ တကြိမ်၊ တွင်းမပျူစခန်းနဲ့ ကမ္မပျူစခန်းအကြားမှာ တကြိမ် စုစုပေါင်း ၄ ကြိမ် မိုင်းဆွဲခဲ့တယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ဗိုလ်တေဇာစန်းက ပြောပါတယ်။

ကာကွယ်ရေးတပ်တွေအနေနဲ့ မိုင်းကြီး၊ မိုင်းသေး စုစုပေါင်း ၁၇ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်(မြိုင် ပကဖ)ရဲ့တပ်ရင်း ၁၊ တပ်ခွဲ ၁၊ တပ်ခွဲ ၂ - ဂဠုန်၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ MRDF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်ကလည်း မြိုင်မြို့အနောက်ဘက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်အဖွဲ့က အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး‌ သေဆုံးခဲ့ပါသေးတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10